ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Thu, 01/25/2024 - 03:32 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၇.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၁၉.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဇန်နဝါရီလ (၂၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာ ပို့ကုန် (၂၃.၆၇၀) ဒေါ်လာသန်း၊ သွင်းကုန် (၁.၉၀၂)ဒေါ်လာသန်း၊ စုစုပေါင်း(၂၅.၅၇၂)ဒေါ်လာသန်း ဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁၃၁.၁၃၈%) ဆောင်ရွက်နိုင်ခဲ့သဖြင့် ဇန်နဝါရီလ၏ ကုန်သွယ်မှုလျာထားချက်အပေါ် ပြည့်မီကျော်လွန် အောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ဇန်နဝါရီလ (၂၂)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ မြေပဲဆံ၊ ရော်ဘာ၊ ငရုတ်သီး၊ ကြက်သွန်နီနှင့် ိိနှမ်းနက်တို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များ အနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့အထိ ပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၅)ဒေါ်လာ တို့ဖြင့် တန်ချိန် (၆၃၅၀၀) တန်၊ တန်ဖိုး(၂၂.၀၉၇) ဒေါ်လာသန်း၊ ဖရဲသီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၀၀) တန်၊ တန်ဖိုး(၀.၀၅၇)ဒေါ်လာသန်း၊ မြေပဲဆံတင်ပို့မှု အနေဖြင့် တန်ချိန် (၃၄) တန်၊ တန်ဖိုး (၀.၀၃၇)ဒေါ်လာသန်း၊  နှမ်းနက်တင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၁) တန်၊ တန်ဖိုး(၀.၅၁၉) ဒေါ်လာသန်း၊ ရော်ဘာတန်ချိန်(၁၀၅)တန်၊ တန်ဖိုး(၀.၁၄၅)ဒေါ်လာသန်း ၊ ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (၄၇၅)တန်၊ တန်ဖိုး(၀.၂၉၈)ဒေါ်လာသန်း၊ ဆန် တင်ပို့မှုအနေဖြင့် တန်ချိန် (၇၆၀) တန်၊ တန်ဖိုး(၀.၄၃၃)ဒေါ်လာသန်း ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၁၃၆) တန်၊ တန်ဖိုး(၀.၀၆၄)ဒေါ်လာသန်းနှင့် ရွှေဖရုံသီးတန်ချိန် (၂၂၀)တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ Iron Sheet ၊ Iron Pipe၊Artificial Grass ၊ ပန်းသီး ၊ လိမ္မော် သီး၊ Ceramic Tile နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (၅၃၆.၀၀)တန်၊ တန်ဖိုး (၀.၅၇၀)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းတန်ချိန် (၈၅၄.၀၀)တန်၊ တန်ဖိုး (၀.၆၅၃)ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (၉၉၆.၀၀) တန်၊ တန်ဖိုး (၀.၆၇၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်း မဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်း ဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages