တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:12 -- bordertrade

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် (ဧပြီလ မှ မတ်လ ၁၁ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၅၃.၈၄၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၁၀၁.၆၄၆) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၁၅၅.၄၉၃) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၁-၃-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၃,၂၄၆.၈၆၇) တန်၊ တန်ဖိုး (၀.၇၄၃) ဒေါ်လာသန်း၊ ထောပတ်သီး (၆၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၉၆.၅၀၀) တန်၊ တန်ဖိုး (၀.၀၅၁) ဒေါ်လာသန်း၊ လိမ္မော်သီး (၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ တံမြက်စည်း (၁၀.၀၀၀)တန်၊ (၀.၀၀၃)ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၈၄၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၁-၃-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၉၈၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အဓိက တင်သွင်းလျက်ရှိပြီး (၁၁-၃-၂၀၂၄) ရက်တွင် ဒီဇယ် (၀.၀၂၉) ဒေါ်လာသန်း၊  ဘိလပ်မြေ (၀.၁၁၅) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၈၇) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၂၁) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၆) ဒေါ်လာသန်း၊ ကြွေပြား (၀.၀၁၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၁၀၅) ဒေါ်လာသန်း အပါအဝင် (၀.၃၈၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

 

Border Trade News

Pages