ဧရာဝတီတိုင်းဒေသကြီးရဲ့ ပြည်ပပို့ကုန် ကိုင်းဘော ဈေးကွက်သို့ဝင်ရောက်

Tue, 05/07/2013 - 04:29 -- admin

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငွေဆောင်၊ ချောင်းသာ၊ မော်တင် ပင်လယ်ကမ်းခြေဒေသ  တောင်စောင်း တောင်ကုန်းများမှာ အလေ့ကျပေါက် လျက်ရှိသော ကိုင်းဘောများကိုရန် ကုန်ဝယ်လက်များက  ပုသိမ်မြို့ပေါ်မှာ ကိုယ်စားလှယ်များထားကာ ဝယ်ယူပြီး ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ ရောင်းချလျက်ရှိပါတယ်။ ယခင်နှစ်  ကိုင်းဘောရာသီချိန်က ပြည်ပသို့  တင်ပို့နိုင်ခြင်းမရှိတဲ့အတွက် ကိုင်းဘော ၃၀၀၀ တစ်စီးကို ၅၀၀၀ ကျပ်၊ ၅၅၀၀ ကျပ်ဈေးနှုန်းသာရရှိပြီး၊ ယခုနှစ် ပြည်ပ ဝယ်လက်များက ပြန်လည်  ဝယ်ယူတဲ့အတွက် ကိုင်းဘော ၃၀၀၀ တစ်စီးကို ၈၀၀၀ ကျပ်၊ ၉၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်လျက် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ကိုင်းဘောလုပ်ငန်းရှင်က ပြောပါတယ်။ ပြည်ပ တင်ပို့ရန် အရည်အသွေးမီ ကိုင်းဘောများကို ၅၀ ကီလိုဝင် အိတ်များထုတ်ပြီး ၅၀ ကီလို  တစ်ထုပ်ကို ၂၇၀၀၀ ကျပ်၊ ၂၈၀၀၀ ကျပ်ဈေးနှုန်း နဲ့ ရန်ကုန်သို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း ပုသိမ်မြို့၊ စန်းငံကုန်းရပ် ကိုင်း ဘော လုပ်ငန်းရှင် ဦးထွန်းလွင်က ပြောပါတယ်။   
မင်းမင်းဦး-ပုသိမ်

Local Trade News

Pages