တတိယအကြိမ် မြန်မာ့စားသောက်ကုန် ကုန်စည်ပြပွဲ ၂၀၁၃ ကို မေလတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

Tue, 05/07/2013 - 07:20 -- admin

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MFPEA) မှ ကြီးမှူး၍ ပြည်တွင်းရှိ စားသောက်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ပြည်တွင်း ပြည်ပဈေးကွက်များသို့ တိုးချဲ့နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ပြည်တွင်း စားသောက်ကုန်လုပ်ငန်းများနှင့် ပြည်ပစားသောက် ကုန်လုပ်ငန်းများ တစ်စုတစ်ဝေးတည်း ပြသနိုင်မည့် "တတိယအကြိမ် မြန်မာ့ စားသောက်ကုန် ကုန်စည်ပြပွဲ"(Third Myanmar Food Exhibition 2013) အား ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ၂၀၁၃ ခုနှစ် မေလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ နေ့စဉ်နံနက် ၀၉း၀၀ နာရီမှ ညနေ ၅း၀၀ နာရီအထိ သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲမှာ ပြည်တွင်းပြည်ပရှိ ကုမ္ပဏီများမှ စားသောက်ကုန် ထုတ်လုပ်သူများ၊ စားသောက်ကုန် ဖြန့်ဖြူးရောင်းချသူများ၊ စားသောက်ကုန်ထုတ်လုပ်မှုနှင့် ပတ်သက်သော စက်ကိရိယာနှင့် နည်းပညာရောင်းချသူများ၊ အာဏာပိုင် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်းကုန်သည်စက်မှုအသင်းအဖွဲ့များ ပါဝင်ပြသသွားမှာဖြစ်ကြောင်း သိရသည်။ အဆိုပါ မြန်မာ့ စားသောက်ကုန် ကုန်စည်ပြပွဲတွင် ပါဝင်ဆင်နွှဲလိုသည့် ကုမ္ပဏီများအနေဖြင့် ပြပွဲနှင့် ပတ်သက်သည့် အချက် အလက်များကို သိရှိလိုပါက မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အမှတ်-၂၉ မင်းရဲကျော်စွာ လမ်း ၊ လမ်းမတော်မြို့နယ် ရန်ကုန်မြို့၊ ဖုန်း/ဖက်စ်-၉၅၁၂၁၄၈၄၆၊ ၂၃၀၀၃၇၆၊ ၀၉-၇၃၀၉၇၃၉၀ အီးမေးလ် admin.central @matpea.org.mm, [email protected] သို့ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။
ခင်မောင်မောင်အုန်း

Local Trade News

Pages