သဇင်မြေကုန်သွယ်မှုဗဟိုဌာန၏ ကုန်သွယ်မှုအခြေအနေ

Wed, 08/21/2019 - 08:09 -- admin_ygn

      သြဂုတ်  ၃ ရက်မှ ၉ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နွား(အရှင်)   အရေအတွက် ၃၀၀ တင်ပို့ခဲ့ပြီး  ဒေါ်လာ ၃၆၀၀၀၀ ဖိုး တင်ပို့ခဲ့သည်။ ယခင်တစ်ပတ် ဇူလိုင် ၂၇ရက်မှ သြဂုတ်၂ ရက်အထိ  နွား(အရှင်) အရေ အတွက် ၁၀၀ ုွ တင်ပို့ခဲ့ပြီး  ဒေါ်လာ ၁၂၀၀၀၀ ဖိုးတင်ပို့ခဲ့သည်ဟု သိရှိရသည်။ ယခင်တစ်ပတ်ထက်  ယခုတစ်ပတ်တွင် နွား(အရှင်)အရေအတွက် ၂၀၀ ပိုမိုတင်ပို့ ခဲ့ပြီး ဒေါ်လာ ၂၄၀၀၀၀ အထိ တင်ပို့နိုင်ခဲ့ကြောင်းသိရှိရသည်။

     ရခိုင်ပြည်နယ်အတွင်းရှိ  စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ သြဂုတ် ၃ ရက်မှ ၉ ရက်အထိ အမှန်တင်ပို့ကုန်ပစ္စည်းများအနေဖြင့် နွား(အရှင်)နှင့် ငါးမြစ်ချင်းတို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၄၀၇၃၂၈ တင်ပို့ခဲ့ကြောင်းသတင်းရရှိသည်။ သြဂုတ် ၅ရက်မှ ၉ရက်အထိ ရခိုင်ပြည်နယ်၊ ဆန်၊ စပါးဈေးကွက်အခြေအနေ မှာအရောင်းအဝယ်အေးပြီး ဈေးနှုန်းအနည်းငယ်ပြောင်းလဲခဲ့ကြောင်း သိရသည်။ ဧည့် မထဆန် တင်း၁၀၀ကို ကျပ် ၅၂၀၀၀၀ ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၂၄၀၀၀ ရှိ ကြောင်း သိရသည်။

 

နီလာ(သဇင်မြေကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages