ရော်ဘာပိုမိုတင်ပို့ပြီး ဈေးအတက်အကျမရှိ

Thu, 08/22/2019 - 03:52 -- admin_ygn

      မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ  သြဂုတ် ၃ ရက်မှ ၉ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇၁ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၂၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှ ရော်ဘာ အမျိုးအစားစုံ တန်ချိန် ၈၇၀ ကျော်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ RSS-3 အမျိုးအစား တန်ချိန် ၂၄၀ ကျော်တင်ပို့ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီ လိတ်ကုန်သွယ် ရေးစခန်းမှ Rubber-Latex 60 % DRC ၆၀ % ီျွဃ အမျိုးအစား  တန်ချိန် ၁၅၀ တင်ပို့ခဲ့ ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်ပါက တန်ချိန် ၄၀၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်းသိရသည်။

     ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ သြဂုတ် ၄ ရက်မှ ၁၀ ရက်အထိကာလ အတွင်း အမေရိကန်ဒေါ်လာ နှစ်သန်းကျော်တန်ဖိုးရှိ ရော်ဘာအမျိုးအစားစုံ တန်ချိန်  ၁၄၆၀ ကျော် တင်ပို့ခဲ့သည်။  ယခုတစ်ပတ်မှာရေကြောင်းမှ တရုတ်၊ မလေးရှား၊ ဂျပန်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံများသို့တင်ပို့ပြီး  တရုတ်နိုင်ငံသို့ Synthetic ရော်ဘာအမျိုးအစားတန်ချိန် ၄၀၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ MSR အမျိုးအစား တန်ချိန် ၅၀၀ ကျော်၊ ကိုရီးယားနိုင်ငံသို့ TSR-20 ရော်ဘာ အမျိုးအစားတန်ချိန် ၂၆၀ ကျော်၊ ဂျပန်နိုင်ငံသို့ MSR-20 အမျိုးအစား တန်ချိန် ၉၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာ RSS-3 အမျိုးအစား တန်ချိန် ၂၀၀ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်တစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၁၈၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။ နယ်စပ်နှင့် ရေကြောင်းမှ ရက်သတ္တပတ် အတွင်း ရော်ဘာတင်ပို့မှု စုစုပေါင်းမှာ တန်ချိန်၂၇၀၀ နီးပါးဖြစ်သည်။ တစ်ပတ် အတွင်း ရော်ဘာတင်ပို့မှုပိုမိုသော်လည်း နိုင်ငံတ ကာရော်ဘာဈေး အတက်အကျ သိပ်မရှိကြောင်း သိရသည်။

 

ယဉ်ယဉ်အေး

Border Trade News

Pages