မူဆယ်(၁၀၅)မိုင် သစ်သီးဝလံကုန်စည်ဒိုင်မှ တရုတ်သို့ တင်ပို့သရက်သီးများ ဈေးကောင်းရ

Thu, 05/09/2019 - 06:19 -- admin_ygn

           ယခုရက်သတ္တပတ်အတွင်း မူဆယ်( ၁၀၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်မှ တရုတ်သို့ ဖရဲသီးတင်ပို့မှုအနေဖြင့် ဖရဲ ကျားသီး၊ ဖရဲဖြူသီး၊ ဖရဲအဝိုင်းကျားသီးတို့ တင်ပို့ခဲ့ကြပြီး ဖရဲ တင်ပို့မှုမှာ  နည်းသွားသော်လည်း ဈေးကောင်းရနေသည်။ သခွားတင်ပို့မှုနည်းသွားပြီး ဈေးမှာအနည်းငယ်လျော့သွား သော်လည်း သရက်သီးတင်ပို့မှုမှာ တဖြည်းဖြည်းများလာပြီး ဈေးကောင်းရနေသည်။ ဧပြီ ၂၄ ရက်မှ ၃၀ ရက်အတွင်း ဖရဲကား ၁၁၀၅ စီး၊ တန်ချိန် ၁၃၁၃၆ တန်၊ ရွှေသခွား ၁၂ စီး၊ တန်ချိန် ၆၆ ဒသမ ၅ တန်၊ သရက်ကားစီးရေ ၄၀၆ စီး၊ တန်ချိန် ၂၂၉၆ ဒသမ ၅ တန်တင်ပို့ရောင်းချခဲ့ကြောင်း သစ်သီးဝလံ  ကုန်စည်ဒိုင်မှ သိရှိရသည်။ ယခုတစ်ပတ်အတွင်း ကျောက်ဖရုံသီးတင်ပို့မှု လုံး၀ မရှိပါ။ သခွားတင်ပို့မှုတွင် ရွှေသခွားတစ်မျိုးသာ တင်ပို့မှုရှိ ကြောင်းသိရပြီး သရက်တင်ပို့မှုမှာ ယခင်တစ်ပတ်နှင့်စာလျှင် များလာကာ ကန်စွန်ဥတင်ပို့မှုလည်း ရှိလာခဲ့ပါသည်။
       ဖရဲတွင်ဖရဲ အဖြူသီးဈေးနှုန်းမှာ တစ်တန်လျှင် ယွမ် ၂၀၀၀- ၃၀၀၀၊ မြန်မာငွေကျပ် ၄၃၄၀၀၀ -၆၅၂၀၀၀)၊ဖရဲအကျားသီးမှာ တစ်တန်လျှင်ယွမ် ၂၀၀၀- ၅၀၀၀၊ မြန်မာငွေ ကျပ် ၄၃၄၀၀၀-၁၀၈၇၀၀၀ ၊ ဖရဲအဝိုင်းကျားသီး မှာ ဈေးအမြင့်ရပြီး တစ်တန်လျှင်  ယွမ် ၂၃၀၀-၅၃၀၀၊ မြန်မာငွေကျပ် ၅၀၀၀၀၀-၁၁၅၂၀၀၀ ရရှိကြောင်း သိရသည်။ သခွားသီးနှံတွင် ရွှေသခွားတစ်မျိုးသာတင်ပို့မှုရှိပြီး တစ်တန်လျှင် ယွမ် ၂၃၀၀-၆၀၀၀၊ မြန်မာငွေကျပ် ၅၀၀၀၀၀- ၁၃၀၄၀၀၀ ရရှိသည်။ ယခု ရက်သတ္တပတ်အတွင်း ကန်စွန်းဥ စတင် တင်သွင်းခဲ့ပြီး တစ်တန်လျှင် ယွမ် ၁၀၀၀- ၁၅၀၀၊ မြန်မာငွေကျပ် ၂၁၇၀၀၀-၃၂၆၀၀၀၊ သရက်သီးမှာ ရောင်းအား ကောင်းခဲ့ပြီး တစ်တန်လျှင် ယွမ် ၂၅၀၀-၈၀၀၀၊ မြန်မာငွေကျပ် ၅၄၃၀၀၀-၁၇၄၀၀၀၀ ဖြစ်ပါသည်။ သရက်သီးမှာရောင်းအား ကောင်းခဲ့ပြီး တစ်ပတ်အတွင်း ငွေဈေးနှုန်းမှာ တစ်ယွမ် ၂၂၁  မှ ၂၂၆ ထိ ပေါက်ဈေးရှိကြောင်း သစ်သီးဝလံ ကုန်စည်ဒိုင်မှ လေ့လာသိရှိရသည်။

 

စုစုသာ (မောဝ်ရွှေလီ ကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages