ပြည်ပဈေးကွက်ထိုးဖောက်လျက်ရှိသည့် မြန်မာ့လျှော်ဖြူ

Tue, 09/03/2019 - 04:35 -- admin_ygn

      လျှော်ဖြူကို အခြေခံ၍ထုတ်လုပ်သည့် စားသောက်ကုန် များလည်းကိုလည်း ပြည်ပဈေးကွက် ထိုးဖောက်ရန်ကြိုးပမ်း လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြည်ပ ပြပွဲများဖြစ်သည့် တရုတ်နိုင်ငံ ရွှေလီ၊ နန်နင်း၊ ကူမင်း စသည့် ကုန်စည်ပြပွဲများတွင် မြန်မာ့လျှော်ဖြူ လုပ်ငန်းရှင်များ ဝင်ရောက်ပြသ၍ ဈေးကွက်ရှာဖွေထိုးဖောက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အများအပြား  စိုက်ပျိုးလျက်ရှိသည့် လျှော်ဖြူပင်မှ ထွက်ရှိသည့် လျှော်ဖြူစေး(ခေါ်) ဆေးကုလားမ သည် နိုင်ငံခြားဝင်ငွေရရှိအောင် ရှာဖွေပေးနေသည့် အမယ် သစ်ပို့ကုန်တစ်မျိုးအဖြစ် ပြည်ပသို့ ထိုးဖောက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံလျှော်ဖြူအသင်းကို ၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ဦးစီးဦးဆောင်ပြု၍ ဖွဲ့စည်းထားပြီးဖြစ်သည်။
    ယခုလတ်တလောတွင် လျှော်ဖြူကို ကုန်ကြမ်းအတိုင်းပင် တရုတ်ပြည်ဈေးကွက်သို့ အဓိကတင်ပို့ ရောင်းချလျက်ရှိ သည်။ ကြာဆံ၊ ရေခဲသား၊ အဖြူ၊ အဝါ၊ အညိုဟူ၍ အရည်အသွေးနှင့် အရောင်ပေါ်မူတည်ပြီး ခွဲခြားရောင်း ဝယ်လျက် ရှိသည်။ ကြာဆံကဲ့သို့ အမျှင်တန်းအောင်အစေးခံ၍ ထုတ် ထားသည့်လျှော်ဖြူစေးသည် ဈေးကွက်တွင် ဈေးအရဆုံးဖြစ် သည်။ ကြာဆံစတွင်လည်း အမျှင်ရှည်သည့်အစက ဈေးပိုရ ပြီး အမျှင်တိုလျှင် ဈေးလျှော့ရသည်။ ကြာဆံအမျှင်အရှည် သည် စက်တင်ဘာနှင့် အောက်တိုဘာလတွင် အစေးပိုမိုထွက် ရှိကြောင်း သိရသည်။
      ယခင်တစ်ပတ်  ဩဂုတ် ၁၄ ရက်တွင် လျှော်ဖြူ တစ် ပိဿာပေါက်ဈေးမှာ လျှော်ဖြူကြာဆန် အမျှင်ရှည် တစ် ပိဿာ ကျပ် ၁၅၀ဝဝဝ၊ အမျှင်တို တစ်ပိဿာ ကျပ် ၅၀ဝဝဝ၊  ရေခဲသား (အခဲအရောင်အကြည်) ကျပ် ၂၃၀ဝဝ၊ အဖြူစ (အခဲ) ကျပ် ၁၇၀ဝဝ၊ အဝါစ(အခဲ)ကျပ် ၆၀ဝ၀ ခန့်ဈေးကွက် ပေါက်ဈေးဖြစ်ပေါ်နေပြီး  ယခုတစ်ပတ် ဩဂုတ် ၂၁ ရက်တွင် လျှော်ဖြူ တစ်ပိဿာပေါက်ဈေးမှာ လျှော်ဖြူကြာဆံအမျှင် ရှည် တစ်ပိဿာ ကျပ် ၁၅၀ဝဝဝ၊ အမျှင်တိုတစ်ပိဿာ ကျပ် ၅၅၀ဝဝ၊  ရေခဲသား (အခဲအရောင်အကြည်)ကျပ် ၂၅၀ဝဝ၊ အဖြူစ(အခဲ) ကျပ် ၁၈၀ဝဝ၊ အဝါစ(အခဲ) ကျပ် ၈၀ဝဝ၊ အညိုစ(အခဲ)ကျပ် ၃၀ဝ၀ ခန့်  ဈေးကွက်ပေါက်ဈေးဖြစ်ပေါ် နေသည်။ ယခင်တစ် ပတ်နှင့်  နှိုင်းယှဉ်လျှင်  ကြာဆံအမျှင်ရှည် တစ်ပိဿာ ၃၀ဝ၀ ခန့်   ဈေးကျပြီး ကြာဆံအမျှင်တို ကျပ် ၅၀ဝဝ၊ ရေခဲသား ကျပ် ၂၀ဝဝ၊ အဖြူစကျပ် ၁၀ဝဝ၊ အဝါစ ကျပ် ၂၀ဝ၀ ခန့်ဈေးတက်လာပါသည်။

 

ချောစုဝင်း(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages