ဈေးကွက်ထဲ ရောက်ရှိလာသည့် ကောက်စောဆန်

Mon, 11/25/2019 - 04:14 -- admin_ygn

      မကွေးတိုင်းဒေသကြီးအတွင်း ယခုတစ်ပတ်အတွင်း နှမ်းမျိုးစုံ ဝင် ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ အရည်အသွေးနှင့် ဝယ်လိုအား ကြောင့် နှမ်းနက်(စမုံ/ဂွနက်)၊ နှမ်းဖြူဈေးတက်သွားသည်။ မကွေးကုန်စည်ဒိုင်တွင် ယခုတစ်ပတ် နိုဝင်ဘာ ၁၃ ရက် နှမ်းနက် (စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၂၄၇၀ဝ၀၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အလတ်စ ကျပ် ၂၃၀ဝ၀ဝ၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင်တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၈၀ဝ၀၊ နှမ်းဖြူရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၄၅၀ဝ၀ အရောင်းအဝယ်ဖြစ်ခဲ့သည်။

     ယခင်တစ်ပတ် နိုဝင်ဘာ ၆ ရက်နှင့် နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ) ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အလတ်စ ကျပ် ၂၀ဝ၀၊ ဂွနက်/ရိုးရိုး ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင်  အလတ်စ ကျပ် ၇၀ဝ၀၊ နှမ်းဖြူ ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၀ဝ၀၊ နှမ်းဖြူ ရေသွင်း ၄၅ ပိဿာ သုံးတင်းဝင် တစ်အိတ်လျှင် အောက်စ ကျပ် ၁၀ဝ၀ စီ ဈေးမြင့် တက်ကာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရှိရသည်။

 

လှမိုးခိုင်(ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန)

Border Trade News

Pages