ဇူလိုင်လ ဆန်နှင့်ဆန်ကွဲ တန်ချိန် နှစ်သိန်းကျော် တင်ပို့ပြီး ဇွန်လတင်ပို့မှုထက် ပိုမို

Fri, 08/16/2019 - 03:52 -- admin_ygn

     မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဇူလိုင် ၂၇ ရက်မှ ဩဂုတ် ၂ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာနှစ်သန်းကျော် တန်ဖိုးရှိ ဆန်တန်ချိန် ၈၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။  ယခုတစ်ပတ် ဆန်တင်ပို့မှုများမှာ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန် တန်ချိန် ၇၃၀ဝ ကျော်၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ တန်ချိန် ၅၀ဝခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၁၆၀ ကျော်တင်ပို့ခဲ့သည်။ ဇူလိုင် လတစ်လလုံးတွင် အဆိုပါကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဒေါ်လာ ရှစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၉၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်းယှဉ် ပါက တန်ချိန် ၃၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ ယခုလတွင် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ  ဆန်ကွဲတန်ချိန် ၁၄၀ ကျော်တင်ပို့ခဲ့ သည်။

    ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ဇူလိုင် ၂၈ ရက်မှ ဩဂုတ် ၃ ရက်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်တန်ဖိုးရှိ ဆန်တန်ချိန် ၂၄၀ဝ၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံ သို့ တန်ချိန် ၉၃၀ဝ၊ ဖိလစ်ပိုင်သို့ တန်ချိန် ၈၂၀ဝ ကျော်နှင့် အီးယူနိုင်ငံများသို့ တန်ချိန် ၃၀ဝ၀ ကျော် တင်ပို့ခဲ့ပြီး ရုရှား၊ ဗီယက်နမ်၊ မက်ဒါဂါစကား၊ ကင်မရွန်းနှင့် ဂီနီနိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း သိရသည်။ ဇူလိုင်လအတွင်း ရေကြောင်း မှ အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်   တန်ဖိုးရှိဆန် တန်ချိန် ၁၃၀ဝဝဝ ကျော်တင်ပို့ခဲ့ပြီး ယခင်လ တင်ပို့မှုနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၇၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့ကြောင်း သိရသည်။ ယခုလတွင် ဆန်အပြင် ဆန် ကွဲပါ  ပိုမိုတင်ပို့ နိုင်ခဲ့သည်။ အမေရိကန်ဒေါ်လာ   ၁၄ သန်းနီးပါးတန်ဖိုးရှိ ဆန်ကွဲ တန်ချိန် ၅၄၀ဝ၀ ကျော် တင်ပို့ခဲ့ပြီး ယခင်လတင်ပို့ မှုထက် တန်ချိန် ၂၁၀ဝ၀ ကျော် ပိုမိုတင်ပို့ခဲ့သည်။ ဇူလိုင်လအတွင်း ဆန်နှင့်ဆန်ကွဲ တင်ပို့ မှု  စုစုပေါင်းမှာ ဆန် တန်ချိန် ၁၅၉၀ဝ၀ နှင့် ဆန်ကွဲ တန်ချိန် ၅၄၃၀ဝဖြစ်ကြောင်း သိရသည်။

 

ယဉ်ယဉ်အေး

Border Trade News

Pages