၁၁ လအတွင်းဗီယက်နမ်နိုင်ငံရဲ့ကော်ဖီတင်ပို့မှု တန်ချိန် ၁ ဒသမ ၅၆ သန်းခန့်ထိရှိလာ

Thu, 05/09/2013 - 11:02 -- admin

ပြီးခဲ့တဲ့ ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံရဲ့ကော်ဖီတင်ပို့မှုဟာ တန်ချိန် ၁ ဒသမ ၅၆ သန်းခန့်ရှိပြီး၊ ရရှိတဲ့ ဝင်ငွေမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၄ ဘီလီယံရှိပြီဖြစ်ကြောင်း၊ ဗီယက်နမ် အကောက်ခွန်မှ ပြောကြားပါတယ်။ အဲဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ကာလတူနဲ့ယှဉ်ရင် ၄၂ ဒသမ ၁ ရာခိုင်နှုန်းနဲ့ တန်ဖိုးအားဖြင့် ၃၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။ ၂၀၁၂-၁၃ ရာသီမှာ  ကော်ဖီထွက်ရှိမှု ၃၀ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းနဲ့ လက်ရှိအချိန်ထိ တစ်ဝက်ခန့်သာ ရိတ်သိမ်းထားပြီးကြောင်း၊ ဗီယက်နမ်ကော်ဖီနဲ့ ကိုကာအသင်းမှ ဆိုပါ တယ်။ နိုင်ငံအတွင်း ကော်ဖီဈေးနှုန်းဟာ  ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်းကစပြီး ဆက်တိုက်ကျဆင်းခဲ့ပါတယ်။ အလယ်ပိုင်းကုန်းမြင့်ဒေသမှာ ဒီဇင်ဘာလ ၇ ရက်က ကော်ဖီ ၁ ကီလို ကို ဒေါင် ၃၈၂၀၀-၃၈၃၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၈၃ - ၁ ဒသမ ၈၄)ရှိပြီး၊ အခြားဒေသမှာတော့ တစ်ကီလို ဒေါင် ၃၉၀၀၀ (ကန်ဒေါ်လာ ၁ ဒသမ ၈၇)ရှိပါတယ်။ တစ်ပတ်အကြာမှာ တစ် ကီလိုကို ဒေါင် ၃၀၀-၄၀၀(ကန်ဒေါ်လာ သုည ဒသမ ၀၁ -  သုည ဒသမ ၀၂)ခန့် ကျဆင်းခဲ့ပါတယ်။ နိုဝင်ဘာလ တစ်လအတွင်း ကော်ဖီတင်ပို့တဲ့ ပျမ်းမျှဈေးနှုန်းဟာ အောက်တိုဘာလ ထက် တစ်တန်ကို ၃ ဒသမ ၄၆ ရာခိုင်နှုန်း ကျဆင်းကြောင်း VOV သတင်းအရ သိရပါတယ်။

Ref :Posted on 27 December, 2012