အိန္ဒိယနိုင်ငံမှ နို့မှုန့်များတင်ပို့ရောင်းချလိုခြင်း

Thu, 05/09/2013 - 11:03 -- admin

အိန္ဒိယနိုင်ငံ၊ Gujarat Co-operative Milk Marketing Federation(GCMMF)  က Amul အမှတ်တံဆိပ် အနေနဲ့ အဆီထုတ်ပြီးဖြစ်တဲ့ သန့်စင်နို့ မှုန့်ကို မြန်မာနိုင်ငံကို တင်ပို့ရောင်းချလိုကြောင်း ကမ်းလှမ်းလာပါတယ်။ ၎င်းကုမ္ပဏီဟာ အိန္ဒိယနိုင်ငံရဲ့ နို့ထွက်ပစ္စည်း အများဆုံး တင်ပို့တဲ့ အဖွဲ့အစည်းဖြစ်ပြီး အိန္ဒိယနိုင်ငံ ပို့ကုန် စုံစမ်း စစ်ဆေးရေးအေဂျင်စီမှလည်း အသိအမှတ်ပြုထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ GCMMF  နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံတန်ဖိုးရှိ နို့မှုန့်တွေကို အမေရိကန်၊ သြစတြေးလျ၊ စင်ကာပူ၊ ယူအေအီး၊ ဘာရိန်း၊ ကာတာ၊ အိုမန်၊ ကူဝိတ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို အဓိကတင်ပို့ရောင်းချလျက်ရှိပါတယ်။ ဒါကြောင့် စိတ်ဝင်စား တဲ့လုပ်ငန်းရှင်များအနေဲ့ မေးမြန်းစုံစမ်းလိုပါက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး ဖုန်းအမှတ်-၃၉၁၂၁၉၊ ၂၅၄၀၈၆ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Ref :Posted on 27 December, 2012