အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးကော်မတီ ပထမကြိမ် အစည်းအဝေး

Thu, 05/16/2013 - 03:25 -- admin

   အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေးကော်မတီ ပထမကြိမ် အစည်းအဝေးအား အိန္ဒိယ နိုင်ငံ၊ မဏိပူရ်မြို့တွင် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာဘက် နယ်စပ်ကုန်သွယ်ရေးကော်မတီဝင်များဖြစ်သော နယ်စပ်ကုန် သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးခုျပ် ဦးခင်မောင်လေး (ပူးတွဲဥက္ကဌ) ဦးဆောင်သော အရာထမ်းများ၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမိုျးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အိန္ဒိယ နိုင်ငံ ဘက်မှ စီးပွားရေးနှင့် စက်မှုဝန်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးဌာနခွဲမှ Mr. Siddharth, Joint Secretary ဦးဆောင်သော သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါ သည်။

    အဆိုပါအစည်းအဝေးတွင် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော စတုတ္ထအကြိမ် အိန္ဒိယ - မြန်မာ ပူးတွဲကုန်သွယ်ရေး ကော်မတီအစည်းအဝေးမှ ဆွေးနွေးချက်များ အား ပြန်လည်သုံးသပ်ခဲ့ကြပြီး အိန္ဒိယ - မြန်မာ နယ်စပ်ကုန်သွယ်ရေး လက်ရှိအခြေအနေ၊ နယ်စပ်ကုန်သွယ်ရေး ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတွင် ကြုံတွေ့နေရသော ပြဿာနာများ၊ အဟန့်အတားများနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ - အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးတွင် လက်ရှိကုန်သွယ်မှုပြုလျက်ရှိသည့် အမယ်များအပြင် ကုန်ပစ္စည်းအမယ်များ ထပ်မံတိုးခဲျ့ရန်၊ အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဆိုင်ရာ အသိအမှတ်ပြုလက်မှတ်များဖြင့် ကုန်သွယ်မှုဆောင်ရွက်ရန်၊ နယ်စပ်ကုန်သွယ်ရေး ဆိုင်ရာ ဒေသအဆင့် ဆပ်ကော်မတီခွဲငယ် တည်ထောင်ရန်နှင့် အိန္ဒိယ - မြန်မာ နယ်စပ် ကုန်သွယ်ရေး ကော်မတီအစည်းအဝေးအား တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသွားရန် စသည့် အချက်များအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးသည် အိန္ဒိယ နိုင်ငံ ဝန်ကြီးခုျပ် ဒေါက်တာမန်မိုဟန်ဆင်း၏ ချစ်ကြည်ရေးခရီး လာရောက်လည်ပတ်မှုအတွင်း သဘောတူညီခဲ့သော တမူး - မိုရေးနှင့် ရိဒ် - ဇော်ခိုရ်သာမှ နယ်စပ်ကုန်သွယ်ရေးအရာရှိများနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား အစည်း အဝေးများ ကျင်းပနိုင်ရေးအား ရည်ရွယ်၍ နယ်စပ်ကုန်သွယ်ရေးကော်မတီတစ်ခု တည်ထောင် ရေး ဆုံးဖြတ်ချက်မှ ထွက်ပေါ်လာသော ရလဒ်ကောင်းတစ်ခုဖြစ်ပါသည်။