လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Fri, 03/22/2024 - 04:57 -- bordertrade

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၇-၃-၂၀၂၄)မှ (၁၈-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၂၃၀.၀၀၀)တန်၊တန်ဖိုး(၀.၁၄၀)ဒေါ်လာသန်း၊ဆန်ကွဲ (၃၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊သခွားမွှေး(၆၄.၅၀၀)တန်၊ တန်ဖိုး(၀.၀၁၃) ဒေါ်လာသန်း၊ပဲယင်းနီ(၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၆)ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၁၀၈)ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ ပဲတီစိမ်းအနီ (၃၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၉၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၁၉)ဒေါ်လာသန်း၊ ဖရဲသီး (၄၃၃.၀၀၀) တန်၊တန်ဖိုး (၀.၀၆၂) ဒေါ်လာသန်း၊ပဲလွန်းဖြူ(၆၅.၅၀၀) တန်၊ တန်ဖိုး (၀.၄၁) ဒေါ်လာသန်း၊ ကြံ (၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၁၉၅၂.၀၀၀)တန်၊ တန်ဖိုး (၀.၇၀၅) ဒေါ်လာသန်း၊ ပဲယင်း (၁၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၅) ဒေါ်လာသန်း၊ ကော်ဖီစေ့(၂၉.၀၀၀)တန်၊ တန်ဖိုး (၀.၁၁၆) ဒေါ်လာသန်း၊ချဉ်ပေါင်ဖာလာ (၄၁.၀၀၀) တန်၊ တန်ဖိုး (၀.၁၃၂)ဒေါ်လာသန်း၊ မြေပဲဆံ(၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၆) ဒေါ်လာသန်း၊ ဖရုံသီး (၃၃.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ ပဲကြီး(၆၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၆)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၄၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၈)ဒေါ်လာသန်း၊ကုန်စုံ (၂၄၂.၆၈၀)တန်၊(၃၁၁၄၉)U၊(၁၂၇၀၀) PAIR၊တန်ဖိုး (၀.၂၀၁)ဒေါ်လာသန်း၊စက္ကူ (၇၁.၅၀)တန်၊ တန်ဖိုး (၀.၀၂၅)ဒေါ်လာသန်း၊ ဖော့ (၉.၈၀၀)တန်၊ တန်ဖိုး (၀.၀၀၆)ဒေါ်လာသန်း၊ ချည် (၁၁.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ထွန်စက် (၂)U၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ကော်စေ့(၁၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၂၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages