လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Wed, 03/20/2024 - 09:51 -- bordertrade

               လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၂-၃-၂၀၂၄)မှ (၁၆-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၂၀၄.၅၀၀)တန်၊တန်ဖိုး(၀.၂၃၈)ဒေါ်လာသန်း၊ဆန်ကွဲ (၃၀၀.၀၀၀)တန်၊ တန်ဖိုး(၀.၄၀၂)ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၆၉.၅၀၀)တန်၊ တန်ဖိုး(၀.၂၄၈) ဒေါ်လာသန်း၊သခွားမွှေး(၂၀၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၈၈) ဒေါ်လာသန်း၊ ဆီးဆံ (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ထောပတ်ပဲ(၁၅၈.၀၀၀) တန်၊ တန်ဖိုး (၀.၄၆၆)ဒေါ်လာသန်း၊ မရွေး (၁၄.၃၀၀) တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ ပဲတီစိမ်းအနီ (၃၂.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၅၇.၅၀၀) တန်၊ တန်ဖိုး (၁.၁၈၁)ဒေါ်လာသန်း၊ ဖရဲသီး (၇၂၈.၀၀၀) တန်၊တန်ဖိုး (၀.၁၇၈) ဒေါ်လာသန်း၊ သီဟိုဠ်စေ့ (၁၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ကြံ (၁၀၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၆၉၇၆.၀၀၀)တန်၊ တန်ဖိုး (၅.၀၂၇) ဒေါ်လာသန်း၊ ပဲယင်း (၄၈၃.၀၀၀)တန်၊ တန်ဖိုး (၀.၆၈၃) ဒေါ်လာသန်း၊ ကော်ဖီစေ့(၆၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ကော်ဖီမစ် (၉.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၈)ဒေါ်လာသန်း၊ ကော်ဖီမစ်+ ငရုတ်ဆော့(၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ ငရုတ်သီးခြောက်(၂၉၀.၀၇၀) တန်၊ တန်ဖိုး (၀.၄၃၁) ဒေါ်လာသန်း၊ ဖရုံသီး (၃၇၂.၅၀၀) တန်၊ တန်ဖိုး (၀.၁၀၀) ဒေါ်လာသန်း၊  ချဉ်ပေါင်ဖာလာ (၈၉.၀၂၅) တန်၊ တန်ဖိုး (၀.၅၈၇) ဒေါ်လာသန်း၊ ပဲကြီး(၁၂၆.၅၀၀)တန်၊ တန်ဖိုး(၀.၁၂၇)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၆၀.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၄)ဒေါ်လာသန်း၊ဂျပ်ဖာ(၁၃၂.၉၀၀)တန်၊ တန်ဖိုး(၀.၀၅၃)ဒေါ်လာသန်း၊အိတ်အမျိုးမျိုး(၇၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၂)ဒေါ်လာသန်း၊ဓါတ်ဗူး(၈.၈၅၀)တန်၊(၁၁၇၆)U၊တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ ကုန်စုံ (၆၈၆.၀၇၀)တန်၊(၉၆၆၈၆)U၊(၃၁၁၅၀) PAIR၊တန်ဖိုး (၀.၇၃၅)ဒေါ်လာသန်း၊ ပတ္တာကြိုး (၁၅)တန်၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊ စက္ကူ (၄၇.၅၀၀)တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊ ဖော့ (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၂)ဒေါ်လာသန်း၊ ချည် (၁၁.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ ထွန်စက် (၂)U၊ တန်ဖိုး (၀.၀၁၈)ဒေါ်လာသန်း၊စက္ကူလိပ် (၆.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဖန်ခွက် (၂၈.၈၀၀)တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ရော်ဘာလိုင်နာ (၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ဆေးပစ္စည်း (၃၃၆၅၁၆)U၊ တန်ဖိုး (၀.၀၄၂)ဒေါ်လာသန်း၊ ကျောက်မှုန့်(၇၀.၀၀၀)တန်၊တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကော်(၂၀.၀၀၀)တန်၊တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ မြက်ခင်းတု(၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ပလပ်စတစ်လိပ် (၅၄.၅၀၀)တန်၊ တန်ဖိုး (၀.၀၅၄) ဒေါ်လာသန်း၊ အင်ဂျင်(ဒီဇယ်)(၇၆)U၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်း၊ အခင်း (၂၆.၆၀၀)တန်၊(၇၅)U ၊ (၃၉၇၀၀)PAIR ၊ တန်ဖိုး (၀.၀၄၁) ဒေါ်လာသန်း၊တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၂၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ်လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages