လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Fri, 03/08/2024 - 05:21 -- DotBorderdep

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၃-၃-၂၀၂၄)မှ (၄-၃-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၃၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၁)ဒေါ်လာသန်း၊ သခွားမွှေး (၄၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၉၇)ဒေါ်လာသန်း၊ ဖရုံသီး(၅၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ငရုတ်သီးခြောက်(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၀၀.၅၀၀)တန်၊ တန်ဖိုး (၀.၈၂၀) ဒေါ်လာသန်း၊ ဖရဲသီး (၂၆၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈)ဒေါ်လာသန်း၊ ကြံ (၁၆၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၇၆၀.၀၀၀)တန်၊ တန်ဖိုး (၀.၆၃၆) ဒေါ်လာသန်း၊ ပဲနို့+အချိုရည် (၂၀၅၅၃) လီတာ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ပြောင်း (၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ခဲစက္ကူ (၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန်တစ်တန်လျှင် (၅၆၀)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ဂျပ်ဖာ (၆၁.၅၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ကုန်စုံ(၃၅၈.၁၀၀)တန်၊ (၄၆၇၇၈)U၊ (၂၁၃၅၀)PAIR ၊ တန်ဖိုး (၀.၃၂၈)ဒေါ်လာသန်း၊ ဖော့(၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊၊ ကားသစ် Prime Mover Head (Only) (၁၀) U၊ တန်ဖိုး(၀.၂၉၇)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၆၇၅၂၀၀)U၊ တန်ဖိုး (၀.၁၂၁)ဒေါ်လာသန်း၊ စတီးဇလုံ+စတီးချိုင့် (၁၅.၂၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် အကောက်ခွန်ရန်ကုန်  ID ဖြင့် Prime Mover Head (Only) လုပ်ငန်းသုံးယာဉ်(၁၀)စီး၊ အဖွဲ့စုံဖြင့် စစ်ဆေးပြီးတင်သွင်းခဲ့ပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၂-၃-၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၇၅)ကျပ် ဖြစ်ခဲ့ပြီး ၄-၃-၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၈၀)ကျပ်ဖြစ်၍ ယွမ်ဈေးတက်ခဲ့ကြောင်း သိရှိရပါသည်။

Border Trade News

Pages