လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Mon, 01/29/2024 - 10:43 -- bordertrade

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်း အနေဖြင့် (၂၃-၁-၂၀၂၄)မှ (၂၇-၁-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၆၇၀) တန်၊ တန်ဖိုး (၀.၃၆၂) ဒေါ်လာသန်း၊ ဆန်ကွဲ (၄၂၀.၇၀) တန်၊ တန်ဖိုး (၀.၁၈၂) ဒေါ်လာသန်း၊  ကြက်သွန်နီ(၁၆၄)တန်၊ တန်ဖိုး (၀.၀၇၁) ပဲတီစိမ်း (၄.၄၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ပဲနီကြား(၆၂.၀၀) တန်၊ တန်ဖိုး (၀.၀၃၇) ဒေါ်လာသန်း၊ ဖရဲသီး(၉၇.၀၀)တန်၊ တန်ဖိုး(၀.၀၁၄)ဒေါ်လာသန်း၊ ကြံ(၈၅၅.၀၀) တန်၊ တန်ဖိုး (၀.၀၃၄) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၉၃၆.၀၀)တန်၊ တန်ဖိုး(၀.၇၀၃)ဒေါ်လာသန်း၊ ကော်ဖီမစ်(၉.၀၀)တန်၊ တန်ဖိုး (၀.၀၁၀)ဒေါ်လာသန်း၊ နှမ်းနက်(၈.၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ALUMINIUN SCRAP (၄၂.၀၀)တန်၊ တန်ဖိုး(၀.၀၆၄)ဒေါ်လာသန်း၊မြေပဲဆံ(၉၇.၅၀) တန်၊ တန်ဖိုး (၀.၁၀၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

            ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၅၀)ဒေါ်လာ၊ တစ်သျှူး ငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူ ပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

            ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၃၆၂.၀၀)တန်၊ တန်ဖိုး(၀.၃၀၁)ဒေါ်လာသန်း၊ ဂျပ်ဖာ(၁၁၅.၅၀)တန်၊ တန်ဖိုး(၀.၀၄၄)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး(၁.၅၀)တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်း၊ တစ်ရှူး(၃၄.၄၀)တန်၊ တန်ဖိုး(၀.၀၂၅)ဒေါ်လာသန်း၊ ကုန်စုံ(၅၄၆.၈၂) တန်၊ (၉၀၇၀၃)U၊ (၁၆၈၀၃)PAIR၊ တန်ဖိုး (၀.၆၁၆) ဒေါ်လာသန်း၊ချည်(၂၅.၇၀)တန်၊ (၅၀၀)U ၊ တန်ဖိုး (၀.၀၂၃)ဒေါ်လာသန်း၊ မှင်ရည် (၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း၊ စတီးပစ္စည်း(၆၄.၈၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ အိပ်ယာခင်း (၄၁.၃၀)တန်၊ (၁၆၀၀)U၊ (၅၀၀၀)PAIR၊ တန်ဖိုး (၀.၀၂၅)ဒေါ်လာသန်း၊ ဓါတ်ဗူး(၂၆.၀၀)တန်၊ (၄၁၀၀၀)U၊ တန်ဖိုး(၀.၀၅၁)ဒေါ်လာသန်း၊ စောင် (၃၁.၈၀)တန်၊ (၁၄၂၀)PAIR ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ PVC ပိုက် (၂၀.၅၀)တန်၊ (၁၁၅၂)U(၀.၀၂၇) ဒေါ်လာသန်း၊ ပီနံအိတ်ခွံ (၂၅.၀၀)တန်၊ (၀.၀၂၀) ဒေါ်လာသန်း၊ ပတ္တာကြိုး (၆၉.၀၀)တန်၊ တန်ဖိုး (၀.၀၈၄)ဒေါ်လာသန်း၊ စက္ကူ (၁၆.၀၀)တန်၊ တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ဖုန်းအပိုပစ္စည်း(၉.၄၀)တန်၊ (၂၀၁၀၀)U၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ အရုပ် (၈.၀၀)တန်၊ (၁၅၀)U၊ တန်ဖိုး(၀.၀၀၇)ဒေါ်လာသန်း၊ မြက်ခင်းတု (၂၃.၂၀) တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ ပလပ်စတစ်လိပ်(၁၂.၅၀)တန်၊ တန်ဖိုး (၀.၀၁၂)ဒေါ်လာ သန်း၊ဆိုင်ကယ်အပိုပစ္စည်း(၇.၀၀)တန်၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ မီးသီး (၁၅.၆၀)တန်၊ (၈၅၀၀)U၊ တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

            သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင် တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၂၀၀၀၀၀)ကျပ်၊ ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

            ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

Border Trade News

Pages