လွယ်ဂျယ်နယ်စပ်ကုန်စည်စီးဆင်းမှုအခြေအနေ

Thu, 01/25/2024 - 03:34 -- bordertrade

              လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၂၁-၁-၂၀၂၄) မှ (၂၂-၁-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန် (၂၀၀) တန်၊ တန်ဖိုး (၀.၀၉၀) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၆၇.၉) တန်၊ တန်ဖိုး (၀.၀၈၁) ဒေါ်လာသန်း၊ ကြက်သွန်နီ(၂၃၂)တန်၊ တန်ဖိုး (၀.၁၀၁) ဒေါ်လာသန်း၊ပဲတီစိမ်း(၉၇.၆)တန်၊တန်ဖိုး(၀.၀၆၃)ဒေါ်လာသန်း၊ ဆီးခွဲခြမ်း(၂၅)တန်၊တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ပဲနီကြား(၃၄) တန်၊ တန်ဖိုး (၀.၀၂၀)ဒေါ်လာသန်း၊မြေထောက်ပဲ(၂) တန်၊ တန်ဖိုး (၀.၀၀၃)ဒေါ်လာသန်း၊ပဲယင်း(၆၈)တန်၊ တန်ဖိုး(၀.၀၄၉)ဒေါ်လာသန်း၊ ထောပတ်ပဲ(၁၃၂)တန်၊ တန်ဖိုး(၀.၁၄၉) ဒေါ်လာသန်း၊ဖရုံးသီး(၃၂)တန်၊တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ဖရဲသီး(၂၂၂.၅၀)တန်၊ တန်ဖိုး(၀.၀၃၂) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၄၇.၂၀)တန်၊တန်ဖိုး(၀.၂၃၅)ဒေါ်လာသန်း၊ကြံ(၄၆၅.၀၀) တန်၊ တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၁၁၂၀)တန်၊ တန်ဖိုး(၀.၄၀၇)ဒေါ်လာသန်း၊ ALUMINIUNINGOT (၃၃.၄၉၂)တန်၊ တန်ဖိုး(၀.၀၇၀)ဒေါ်လာသန်း၊ နှမ်းနက်(၁၀၂)တန်၊ တန်ဖိုး(၀.၁၄၁)ဒေါ်လာသန်း၊ ALUMINIUN SCRAP(၂၁၂.၂၂၉)တန်၊ တန်ဖိုး(၀.၃၂၃)ဒေါ်လာသန်း၊ မြေပဲဆံ(၆၅.၆၀)တန်၊ တန်ဖိုး(၀.၀၇၂)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၃၁၀) ဒေါ်လာ၊ဖရဲသီးတစ်တန်လျှင် (၁၅၀)ဒေါ်လာ၊တစ်သျှူးငှက်ပျော တစ်တန်လျှင် (၃၈၀) ဒေါ်လာ၊ ပဲတီစိမ်းတစ်တန်လျှင် (၆၅၀) ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၁၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၇၃)တန်၊ တန်ဖိုး(၀.၁၉၃ )ဒေါ်လာသန်း၊ ဂျပ်ဖာ(၈၂.၅၀)တန်၊ တန်ဖိုး(၀.၀၃၁)ဒေါ်လာသန်း၊ မြက်ခင်းတု(၈)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊တစ်ရှူး(၄၈.၅၀)တန်၊ တန်ဖိုး(၀.၀၃၂)ဒေါ်လာသန်း၊ ကုန်စုံ(၃၄၈.၂၈) တန်၊ (၃၇၆၇၇)U၊(၂၈၃၇)PAIR၊ တန်ဖိုး (၀.၄၃၈) ဒေါ်လာသန်း၊ ဖော့(၂)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ပလပ်စတစ်(၂၆.၅၀)တန်၊ တန်ဖိုး(၀.၀၂၃)ဒေါ်လာသန်း၊ စက်ပစ္စည်း(၂၀)၊တန်ဖိုး(၀.၀၂၉)ဒေါ်လာသန်း၊ ကြက်အူချောင်း(၂၅.၂၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း၊ စောင်(၆၄.၃၀)တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊PVC ပိုက် (၄၇.၆၁)တန်၊ (၀.၀၉၆) ဒေါ်လာသန်း၊အဲယားကွန်း(၆၃)U၊ (၀.၀၀၉) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ်တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၈၀၀) ဒေါ်လာ၊ ပိတ်လိပ် တစ်တန်လျှင် (၅၇၀)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၃၉၀) ဒေါ်လာ၊ ချည်ခင်တစ်တန်လျှင် (၆၆၇)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင်ကုန်ကျစ်(၁၂၀၀၀၀၀)ကျပ်၊ကုန်ပွ(၈၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင်(၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) -စိန်လုံ-လွယ်ဂျယ်လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော်-မိုးမောက် (ကျောက်စခန်း)-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန်ပစ္စည်းများအား လွယ်ဂျယ်-စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၂၀-၁-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်ခဲ့ပြီး ၂၂-၁-၂၀၂၄ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၆၅)ကျပ်ဖြစ်၍မြန်မာကျပ်ငွေဈေးတည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

Border Trade News

Pages