လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Mon, 04/01/2024 - 07:59 -- bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၄-၃-၂၀၂၄)မှ (၂၅-၃-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၉၉.၅၀၀)တန်၊ တန်ဖိုး(၀.၅၀၆)ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၉၄.၀၀၀) တန်၊ တန်ဖိုး (၀.၂၉၀)ဒေါ်လာသန်း၊ သခွားမွှေး(၁၄၄.၀၀၀)တန်၊ တန်ဖိုး (၀.၁၇၅) ဒေါ်လာသန်း၊ ထောပတ်ပဲ (၁၆၆.၅၀၀)တန်၊ တန်ဖိုး (၀.၄၇၇) ဒေါ်လာသန်း၊  ပဲကြီး (၁၉၇.၅၀၀) တန်၊ တန်ဖိုး (၀.၁၉၄)ဒေါ်လာသန်း၊မြေထောက်ပဲ (၉၉၈.၅၀၀) တန်၊ တန်ဖိုး (၄.၄၉၄) ဒေါ်လာသန်း၊ ဖရဲသီး (၂၇၄.၀၀၀) တန်၊တန်ဖိုး (၀.၁၉၆) ဒေါ်လာသန်း၊ပဲလွန်းဖြူ(၃၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၁) ဒေါ်လာသန်း၊ ဂျင်းခြောက်(၂၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၂၂၅၆.၀၀၀)တန်၊ တန်ဖိုး (၂.၀၃၄) ဒေါ်လာသန်း၊ ပဲယင်း (၉၆.၅၀၀)တန်၊ တန်ဖိုး (၀.၂၁၈) ဒေါ်လာသန်း၊ ကော်ဖီစေ့(၃၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၇၁) ဒေါ်လာသန်း၊ခဲစက္ကူ (၁၆.၀၀၀ ) တန်၊တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ ကော်ဖီမစ်(၇.၅၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆)ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲ တစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာ လျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၈၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၅၆)ဒေါ်လာသန်း၊ ကုန်စုံ (၄၃၇.၄၄၀)တန်၊(၅၅၄၉၀)U၊(၇၉၇၀) PAIR၊တန်ဖိုး (၀.၄၀၂)ဒေါ်လာသန်း၊ဖော့ (၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၄)ဒေါ်လာသန်း၊ဆေး(၂၀၉၅၆၀)U၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ မြက်ခင်းတု(၂၂.၀၀၀)တန်၊တန်ဖိုး(၀.၀၁၄)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့ သယ်ယူ ပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၂၀၀၀၀၀)ကျပ် နှင့်ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၂၃-၃-၂၀၂၄ ရက်နေ့(၁) ယွမ်လျှင် (၄၈၅) ကျပ်ဖြစ်ခဲ့ပြီး ၂၅-၃- ၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၈၅)ကျပ်ဖြစ်၍ယွမ်ဈေးတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages