လွယ်ဂျယ်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/28/2024 - 06:59 -- bordertrade

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၉-၃-၂၀၂၄)မှ (၂၃-၃-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၁၈၁.၀၀၀)တန်၊တန်ဖိုး(၀.၁၁၀)ဒေါ်လာသန်း၊ဆန်ကွဲ (၃၀၀.၂၅၀)တန်၊ တန်ဖိုး(၀.၁၃၀)ဒေါ်လာသန်း၊ငရုတ်သီးခြောက်(၃၃၁.၆၃၀)တန်၊ တန်ဖိုး (၀.၄၉၂)ဒေါ်လာသန်း၊ သခွားမွှေး(၂၈၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၆၀) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၂၈၃) ဒေါ်လာသန်း၊  သီဟိုဠ်စေ့(၃၁.၂၀၀) တန်၊ တန်ဖိုး (၀.၁၅၅)ဒေါ်လာသန်း၊ ပဲနီကြား (၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၃၉)ဒေါ်လာသန်း၊မြေထောက်ပဲ (၁၂၁၈.၅၀၀) တန်၊ တန်ဖိုး (၁.၆၃၃)ဒေါ်လာသန်း၊ ဖရဲသီး (၁၉၂၇.၅၀၀) တန်၊တန်ဖိုး (၀.၂၇၆) ဒေါ်လာသန်း၊ပဲလွန်းဖြူ(၆၅.၅၀၀) တန်၊ တန်ဖိုး (၀.၄၁)ဒေါ်လာသန်း၊ ကြံ (၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော (၅၄၅၆.၀၀၀)တန်၊ တန်ဖိုး (၁.၉၇၁) ဒေါ်လာသန်း၊ ပဲယင်း (၃၀၁.၂၅၀)တန်၊ တန်ဖိုး (၀.၁၉၄) ဒေါ်လာသန်း၊ ကော်ဖီစေ့(၆၈.၀၀၀)တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ကျွဲသားခြောက်(၁၀.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်း၊ ကော်ဖီမစ်(၇.၄၀၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊  မြေပဲဆံ(၂၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၂၈၅) ဒေါ်လာသန်း၊ဖရုံသီး (၉၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ချဉ်ပေါင်ဖာလာ (၇၄.၈၀၀) တန်၊ တန်ဖိုး (၀.၂၂၄)ဒေါ်လာသန်း၊ ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၄၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

          ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၁၂၉.၁၀)တန်၊ တန်ဖိုး(၀.၀၈၄)ဒေါ်လာသန်း၊ဂျပ်ဖာ(၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၂) ဒေါ်လာသန်း၊တာယာ(၄၀)U၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ကုန်စုံ (၇၅၁.၃၄)တန်၊(၁၀၁၆၁၂)U၊(၄၃၂၁၂) PAIR၊တန်ဖိုး (၀.၈၂၁)ဒေါ်လာသန်း၊စက္ကူ (၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၉)ဒေါ်လာသန်း၊ ဖော့ (၂၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်း၊ဆေး(၇၄၄၁၂၀)U၊ တန်ဖိုး (၀.၁၃၀)ဒေါ်လာသန်း၊ကော်စေ့(၁၂.၅၀၀)တန်၊ တန်ဖိုး (၀.၀၁၃)ဒေါ်လာသန်း၊ကြက်အူချောင်း(၃၂.၇၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်းမြက်ခင်းတု (၅၅.၇၀၀)တန်၊ တန်ဖိုး (၀.၀၃၅)ဒေါ်လာသန်း၊ ပလပ်စတစ်(၁၄.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၅၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၂၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၁၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့်၁၈-၃-၂၀၂၄ ရက်နေ့(၁) ယွမ်လျှင် (၄၈၅) ကျပ်ဖြစ်ခဲ့ပြီး ၂၃-၃- ၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၈၅)ကျပ်ဖြစ်၍ယွမ်ဈေးတည်ငြိမ်လျှက်ရှိကြောင်း သိရှိရပါသည်။

Border Trade News

Pages