ရခိုင်ပြည်နယ်မှ ဘင္ဂလားဒေ့ရှ်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နိုဝင်ဘာလတွင် လယ်ယာထွက်ကုန်အုပ်စု တင်ပို့မှုပမာဏနှင့် တန်ဖိုးသည် အောက်တိုဘာနှင့် နှိုင်းယှဉ်ပါက များစွာမြင့်တက်လာ

Tue, 12/06/2022 - 03:48 -- DotBorderdep

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ၅ရက်နေ့

မြန်မာနိုင်ငံမှဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ကုန်ပစ္စည်းများ ၊ သစ်တောထွက်ကုန်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများ ကို ပင်လယ်ရေကြောင်းနှင့် နယ်စပ်မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ပို့လျက်ရသည်။

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင် လယ်ယာထွက်ကုန်အုပ်စုမှအများဆုံး တင်ပို့နေပြီး နိုဝင်ဘာတွင် အဓိကတင်ပို့ခဲ့သည့် လယ်ယာ ထွက်ကုန်များမှာမန်ကျည်းစေ့၊နနွင်းတက်၊ချင်းအစို၊ဆီးဖတ်၊ဆီးသီးခြောက်၊အုန်းသီးခြောက်၊ထန်းလျက်၊စစ်တုံဥ၊သရက်သီးနှင့်ကွမ်းသီးတို့ဖြစ်ကြပါသည်။

ယခု၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်နိုဝင်ဘာလတွင် လယ်ယာထွက်ကုန်အုပ်စုတင်ပို့မှုပမာဏသည် အောက် တိုဘာလတွင်တင်ပို့ခဲ့သည့်ပို့ကုန်ပမာဏ(Trade Volume) ထက်(၂)ဆကျော်ခန့်ပိုမိုခဲ့ပြီး၊ ပို့ကုန် တန် ဖိုး ( Trade Value) အနေဖြင့်အမေရိကန်ဒေါ်လာ(၃)သိန်း ခန့်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်းသိရသည်။

Border Trade News

Pages