မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Tue, 04/23/2024 - 04:30 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁)တန်လျှင် (၈၇၉) ဒေါ်လာနှုန်းဖြင့် (၃၄၅) တန် ၊ တန်ဖိုး (၀.၃၀၃)ဒေါ်လာသန်းအား ကော့သောင်းကုန်သွယ်ရေးစခန်း မှတဆင့်ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၉) ဒေါ်လာနှုန်းဖြင့် (၁၅.၂) တန် ၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်းအားမောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ကားလမ်းကြောင်းဖြင့်လည်းကောင်းအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၀.၃၃၁)ဒေါ်လာသန်းအားတင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဧပြီလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အတွင်းသွင်းကုန်ဒီဇယ်ဆီ (၁)တန်လျှင် (၇၉၀) ဒေါ်လာနှုန်းဖြင့်(၃၇၉၃) တန် ၊ တန်ဖိုး (၂.၉၉၆) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၈၉၈) ဒေါ်လာနှုန်းဖြင့်(၁၃၀၀) တန် ၊ တန်ဖိုး (၁.၁၆၇) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၂၈၁.၁၉၄)တန်၊ တန်ဖိုး (၀.၂၆၂) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၅၆၀)တန်၊တန်ဖိုး (၀.၂၈၆) ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်း (၁၄၄)U တန်ဖိုး(၀.၀၁၂) ဒေါ်လာသန်း တင်သွင်းနိုင်ငံခဲ့ပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး (၄.၇၂၃) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၄) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages