မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:14 -- bordertrade

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့ အတွင်း ပို့ကုန် ငါးကြိတ်သား (၁) တန်လျှင် (၁၇၉၃) ဒေါ်လာနှုန်း ဖြင့် (၉) တန် ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်းတို့ကို အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှ တစ်ဆင့် ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့် စုစုပေါင်းပို့ကုန် တန်ဖိုး(၀.၀၁၆)ဒေါ်လာသန်း တင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေး စခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန် (၁)တန်လျှင် ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ် တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ် မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်း ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှ (၁၁)ရက်နေ့အတွင်း ဓာတ်ဆီ (၁)တန်လျှင် (၉၁၅) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန် ၊ တန်ဖိုး (၀.၁၃၇) ဒေါ်လာသန်း စုစုပေါင်း သွင်းကုန် တန်ဖိုး (၀.၁၃၇)ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၃၁၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချ လျက်ရှိကြောင်း၊  ကျပ်/ဘတ် ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၁၀၀.၇၅) ကျပ်ဖြင့်  အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages