မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 01/25/2024 - 03:44 -- bordertrade

            မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ( ၂၁ )ရက်နေ့မှ ဇန်နဝါရီလ ( ၂၂ )ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှု ငါးကြိတ်သား(၁)တန်လျှင် (၁၈၈၉)ဒေါ်လာနှုန်းဖြင့် (၉)တန်၊ တန်ဖိုး (၀.၀၁၇)ဒေါ်လာသန်းအား မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင် သို့ ကားလမ်းကြောင်းဖြင့် တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေး စခန်းအထိ ကုန်(၁)တန်လျှင် ကားခ(ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှု လမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့မှ ဇန်နဝါရီလ(၂၂) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းနှိုင်မှုမရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၀၀) ကျပ်နှင့် ဒီဇယ် (၁)လီတာ (၂၈၈၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages