မြိတ်ကုန်သွယ်ရေးစခန်းမှကုန်သွယ်မှုအခြေအနေ

Wed, 03/20/2024 - 10:03 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၈၅၆.၄) ဒေါ်လာနှုန်းဖြင့်(၂၃၅၄) တန် ၊ တန်ဖိုး (၂.၀၁၆)ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ငါးကြိတ်သား (၁)တန်လျှင် (၁၈၁၁) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၄၉)ဒေါ်လာသန်းတို့ကိုအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormDအကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁) တန်လျှင် (၁၃၅၆.၆) ဒေါ်လာနှုန်းဖြင့်(၁၅၁၂) တန် ၊ တန်ဖိုး (၂.၀၅၁) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormEအကျိုးခံစားခွင့်လျှောက်ထားရယူ၍မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီးစုစုပေါင်းပို့ကုန် တန်ဖိုး (၄.၁၁၆) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်းသိရှိရပါသည်။

              မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အတွင်းဒီဇယ်ဆီ (၁)တန်လျှင် (၈၆၂) ဒေါ်လာနှုန်းဖြင့်(၁၆၀၀) တန် ၊ တန်ဖိုး (၁.၃၇၉) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၅၅) ဒေါ်လာနှုန်းဖြင့်(၇၀၀) တန် ၊ တန်ဖိုး (၀.၆၆၉) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၄၈၉.၇၅၆)တန်၊ ၄၂၄၅၃M2၊ (၂၅၆၆)U၊ တန်ဖိုး (၀.၄၅၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း (၂၄.၅၄)တန်၊ (၈၀၀)U ၊ တန်ဖိုး (၀.၀၅၂) ဒေါ်လာသန်းစုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၅၅၇) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၉၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၃၁၀၀)ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁)ဘတ်လျှင် (၁၀၁.၂)ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

Border Trade News

Pages