မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:11 -- bordertrade

          မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၁၀-၃-၂၀၂၄)ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ငရုတ်(အခြောက်)၊ ချုပ်ပြီးအထည်၊ ကြက်သွန်နီ၊ နနွင်းတက်၊ ဂျင်းခြောက်နှင့် အခြားပစ္စည်းတို့ တင်ပို့ ခဲ့ပါသည်။

          ၁၀-၃-၂၀၂၄ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်)၊ ချုပ်ပြီး အထည်၊ ကြက်သွန်နီ၊ နနွင်းတက်၊ ဂျင်းခြောက်နှင့် အခြားပစ္စည်းတို့ဖြစ်ပါသည်။

          ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

          ၁၀-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) (၁) တန် လျှင် (၇၅၃.၃၃)ဒေါ်လာဖြင့် (၃၆၇.၆၉၉)တန်၊ (၀.၂၇၇)ဒေါ်လာသန်း၊ချုပ်ပြီးအထည် 1U လျှင် (၃.၂၉၃)ဒေါ်လာဖြင့် (၄၆၄၆၂.၁၀၀)U၊ (၀.၁၅၃)ဒေါ်လာသန်း၊ ကြက်သွန်နီ(၁)တန်လျှင် (၃၈၆.၉၄) ဒေါ်လာ ဖြင့် (၁၆၅.၄၀၀)တန်၊ (၀.၀၆၄)ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် (၅၂၀.၈၃) ဒေါ်လာဖြင့် (၄၈.၀၀၀)တန်၊ (၀.၀၁၅)ဒေါ်လာသန်း၊ ဂျင်းခြောက် (၉၂၃.၀၇၇)ဒေါ်လာဖြင့် (၁၆.၂၅၀)တန်၊ (၀.၀၁၅) ဒေါ်လာသန်း၊ အခြားပစ္စည်း(၁)တန်လျှင် (၂၁၇၃.၄၈)ဒေါ်လာဖြင့် (၅.၀၆၁)တန်၊ (၀.၀၁၁)‌ဒေါ်လာသန်း တို့ဖြစ်ပါသည်။

                   ၁၀-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆေးဝါးများ (၀.၄၁၈) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၅၈)ဒေါ်လာသန်း၊ စားသောက်ကုန်များ (၀.၁၀၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၅၉)ဒေါ်လာသန်း၊ လျှပ်စစ်ပစ္စည်း (၀.၀၄၂) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၄)ဒေါ်လာသန်း၊ လူသုံးကုန်ပစ္စည်းများ (၀.၀၂၄)‌ဒေါ်လာသန်း၊ ချည်များ (၀.၀၁၆)ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၁၆)ဒေါ်လာသန်းနှင့် တာယာနှင့် ကျွတ်များ(၀.၀၁၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

          ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာ တည်ငြိမ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၀ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၅.၆၈၃) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၀.၂၂၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၅.၉၀၉) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages