မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Wed, 02/07/2024 - 09:21 -- DotBorderdep

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၄-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ သတ္တုနှင့်သတ္တုရိုင်းများ၊ ငရုတ် (အခြောက်)၊ ပြောင်း၊ ဂျင်းခြောက်၊  ငရုတ် (အစို) ၊ ဂျင်း(အစို)နှင့် ဆံပင် တို့ တင်ပို့ခဲ့ပါသည်။ 

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ ငရုတ်(အခြောက်)၊ပြောင်း၊ ဂျင်းခြောက်၊  ငရုတ် (အစို) ၊ ဂျင်း(အစို)နှင့် ဆံပင်တို့ ဖြစ်ပါ သည်။

            ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအား မြင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆေးဝါးများ (၀.၃၉၃)ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းများ (၀.၃၇၁) ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၁၁၈) ဒေါ်လာသန်း၊ ကားအပိုပစ္စည်း (၀.၀၉၂) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၇၈) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း(၀.၀၅၈)ဒေါ်လာသန်း၊ တိရိစ္ဆာန်အစာ(၀.၀၅၃)ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်း များ (၀.၀၄၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၃၉)ဒေါ်လာသန်းနှင့်  ကွန်ပျူတာဆက်စပ် ပစ္စည်းများ (၀.၀၃၅) တို့ ဖြစ်ပါ သည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၅၀)ကျပ် ရှိပြီး ယခုအပတ်တွင်        ( ၉၉.၅၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

            ၄-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ  ကြက်သွန်နီ (၁) တန်လျှင် (၄၂၀.၆၆၈) ဒေါ်လာဖြင့် ( ၇၁၀.၇၇၅ ) တန်၊ ( ၀.၂၉၉) ဒေါ်လာသန်း၊ သတ္ထုနှင့်သတ္ထုရိုင်းများ  (၁) တန် လျှင် (၂၀၇၁.၃၄၆) ဒေါ်လာ ဖြင့် (၆၀.၈၃) တန်၊ (၀.၁၂၆) ဒေါ်လာသန်းနှင့် ငရုတ်(အခြောက်)(၁) တန် လျှင် (၂၆၂၇.၄၃၂) ‌ဒေါ်လာဖြင့် (၇၀.၀၄၉) တန် ၊ (၀.၁၁၄) ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၃၄.၃၇၅) ဒေါ်လာဖြင့် (၆၄)တန်၊ (၀.၀၁၅)ဒေါ်လာသန်း ၊ ဂျင်းခြောက် (၁)တန်လျှင် (၈၈၂.၃၅၃)ဒေါ်လာဖြင့် (၁၇)တန်၊ (၀.၀၁၅)ဒေါ်လာသန်း၊ ငရုတ်(အစို) (၁)တန်လျှင် (၂၉၈.၀၁၃)ဒေါ်လာဖြင့် (၃၀.၂)တန် (၀.၀၀၉)ဒေါ်လာသန်း၊ ဂျင်း (အစို) (၁)တန်လျှင် (၄၁၂.၇၉၇)ဒေါ်လာဖြင့် (၄.၈၄၅)တန် (၀.၀၀၂)ဒေါ်လာသန်းနှင့် ၊ ဆံပင် (၁)တန် လျှင် (၂၃၇၅၂.၉၇)ဒေါ်လာဖြင့် (၀.၄၂၁)တန် (၀.၀၁)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁.၉၄၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၄.၅၂၆) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၆.၄၇၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages