မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Thu, 01/25/2024 - 03:36 -- bordertrade

              မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂၁-၁-၂၀၂၄) ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ (အခွံပါ)နှင့် ကြက်သွန်နီ ၊ ငရုတ်သီး (ခြောက်)နှင့် ငါးမျိုးစုံများ တင်ပို့ခဲ့ပါသည်။  (၂၁-၁-၂၀၂၄)ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာမြေပဲ (အစို)၊ ကြက်သွန်နီ၊ ငရုတ်သီး(ခြောက်) နှင့် ငါးမျိုးစုံများဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

(၂၁-၁-၂၀၂၄) ရက်နေ့အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း(၀.၁၃၅) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၁၂၉) ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ (၀.၁၂၃)ဒေါ်လာသန်း၊ တွင်းထွက်သတ္တုမှအပ ဆောက်လုပ်ရေးပစ္စည်းများ ၊ စာရေးကိရိယာပစ္စည်း(၀.၀၉၅)ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်း (၀.၀၇၆) ဒေါ်လာသန်း၊ စက်နှင့်စက်အပိုပစ္စည်းများ(၀.၀၇၆)ဒေါ်လာသန်းနှင့် လူသုံးကုန်ပစ္စည်းများ (၀.၀၅၁) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်း (၀.၀၄၅)ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၃၁) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ်ရှိပြီး ယခုအပတ်တွင် (၉၈.၅၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ တည်ငြိမ်လျက်ရှိပါသည်။

              (၂၁-၁-၂၀၂၄)ရက်နေ့ထိအများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲ (အစို)(၁)တန်လျှင် (၉၆၁.၉၈၄) ဒေါ်လာဖြင့် (၈၆.၂၈) တန်၊ (၀.၀၈၃) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၅၁၄.၇၀၆) ‌ဒေါ်လာဖြင့်(၄၆၂.၄) တန် (၀.၂၃၈) ဒေါ်လာသန်းနှင့် ငရုတ်သီး (ခြောက်) ၁တန်လျှင် (၆၉၂.၇၀၈)ဒေါ်လာဖြင့် (၁၅.၃၆)တန်လျှင် (၀.၀၂၆)ဒေါ်လာသန်းနှင့်ငါးမျိုးစုံ (၁)တန်လျှင် (၁၆၅၂.၈၉၃)ဒေါ်လာဖြင့် (၃.၀၂၅)တန် (၀.၀၀၅)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

          မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၇.၈၄၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၃.၆၆၃) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၁.၅၁၁) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages