မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Fri, 03/22/2024 - 05:03 -- bordertrade

        မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၇-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ နနွင်းတက်၊ ငါးမျိုးစုံတို့တင်ပို့ခဲ့ပါသည်။

       ၁၇-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ချုပ်ပြီးအထည် CMP၊ ငရုတ်ခြောက်၊ ငရုတ်စို၊ နနွင်းတက်၊ ငါးမျိုးစုံတို့ဖြစ်ပါသည်။

      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

      ၁၇-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၄၆၁.၁၅)ဒေါ်လာဖြင့် (၇၉၃.၆၆၈)တန်၊ (၀.၃၆၆)ဒေါ်လာသန်း၊ပီလောပီနံခြောက် (၁) တန်လျှင် (၁၄၅.၁၀)ဒေါ်လာဖြင့် (၁၁၄၄.၀၀၀)တန်၊ (၀.၁၆၆)ဒေါ်လာသန်း၊ချုပ်ပြီးအထည် (1) U လျှင် (၄.၄၂)ဒေါ်လာဖြင့် (၂၅၈၂၁)တန်၊ (၀.၁၁၄)ဒေါ်လာသန်း၊ ငရုတ်ခြောက် (၁)တန်လျှင် (၁၃၈၈.၅၁)ဒေါ်လာဖြင့် (၂၁.၄၉၈)တန်၊ (၀.၀၃၂)ဒေါ်လာသန်း၊ ငရုတ်စို(၁)တန်လျှင် (၃၂၉.၇၅)ဒေါ်လာဖြင့်၊ (၆၉.၇၅၀)တန်၊ (၀.၀၂၃)ဒေါ်လာသန်း၊ နနွင်းတက် (၃၅၂.၉၄)‌ဒေါ်လာဖြင့် (၁၇.၀၀၀)တန်၊ (၀.၀၀၆)ဒေါ်လာသန်းနှင့် ငါးမျိုးစုံ(၁)တန်လျှင်(၁၆၅၂.၈၉)ဒေါ်လာဖြင့် ၊ (၃.၀၂၅)တန်၊ (၀.၀၀၅)‌ဒေါ်လာသန်းတို့ဖြစ်ပါသည်။

      ၁၇-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာပလပ်စတစ်ကုန်ကြမ်း ပစ္စည်းများ (၀.၂၅၀)ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၁၈၆)ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ(၀.၁၄၅)ဒေါ်လာသန်း၊ ဆပ်ပြာများ (၀.၀၇၇)‌ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်းများ(၀.၀၆၄)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၅၁)‌ဒေါ်လာသန်း၊ ဆေးဝါးများ (၀.၀၃၂)ဒေါ်လာသန်း၊ စက်ဆီ/ ချောဆီများ (၀.၀၂၆)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၀၂၃)ဒေါ်လာသန်းနှင့်မီးသီး၊ မီးချောင်းများ (၀.၀၁၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

     ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၁) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

      မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၇ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၈၆၁) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၇.၀၄၇) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၇.၉၀၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages