မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Wed, 03/20/2024 - 09:52 -- bordertrade

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၁၅-၃-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ ပြောင်း၊ ငရုတ်စို၊ ကံ့ကော်ပွင့်ခြောက်တို့တင်ပို့ခဲ့ပါသည်။

              ၁၅-၃-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့်ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ၊ ပီလောပီနံခြောက်၊ ငရုတ်ခြောက်၊ ပြောင်း၊ ငရုတ်စို၊ ကံ့ကော်ပွင့်ခြောက်တို့ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ၁၅-၃-၂၀၂၄ ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁) တန်လျှင် (၅၀၉.၂၇)ဒေါ်လာဖြင့် (၆၅၇.၈၀၅)တန်၊ (၀.၃၃၅)ဒေါ်လာသန်း၊ပီလောပီနံခြောက် (၁) တန်လျှင် (၁၄၄.၁၃)ဒေါ်လာဖြင့်(၇၈၄.၀၀၀)တန်၊ (၀.၁၁၃)ဒေါ်လာသန်း၊ငရုတ်ခြောက် (၁)တန်လျှင် (၁၄၉၉.၆၃)ဒေါ်လာဖြင့် (၄၀.၀၁၀)တန်၊ (၀.၀၆၀)ဒေါ်လာသန်း၊ ပြောင်း (၁)တန်လျှင် (၂၂၆.၅၆) ဒေါ်လာဖြင့် (၁၂၈.၀၀၀)တန်၊ (၀.၀၂၉)ဒေါ်လာသန်း၊ ငရုတ်စို(၁)တန်လျှင် (၃၁၄.၀၁)ဒေါ်လာဖြင့် (၄၁.၄၀၀)တန်၊ (၀.၀၁၃)ဒေါ်လာသန်းနှင့် ကံ့ကော်ပွင့်ခြောက် (၁)တန်လျှင်(၁၁၇.၆၅)ဒေါ်လာဖြင့် (၃၄.၀၀၀)တန်၊ (၀.၀၀၄)‌ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              ၁၅-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာဆေးဝါးများ (၀.၃၉၁) ဒေါ်လာသန်း၊ ကားအပိုပစ္စည်းများ (၀.၁၅၉)ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၂၈)ဒေါ်လာသန်း၊ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ(၀.၁၂၅)ဒေါ်လာသန်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ(၀.၀၇၉)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၃၇) ‌ဒေါ်လာသန်း၊ စက်ဆီ/ချောဆီများ (၀.၀၃၆)ဒေါ်လာသန်း၊ ချည်ထည်များ(၀.၀၃၄)ဒေါ်လာသန်း၊စားသောက်ကုန်ပစ္စည်းများ(၀.၀၃၂)ဒေါ်လာသန်းနှင့်လျှပ်စစ်ပစ္စည်းများ(၀.၀၂၅)ဒေါ်လာသန်းတို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၁၀၀)ကျပ် ရှိပြီး ယခုအပတ်တွင် (၁၀၂) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးနှုန်းမှာအနည်းငယ်တက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နေ့ မှ ၁၅ ရက်နေ့အထိအမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၉၁၉) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၁၅.၃၁၇) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂၄.၂၃၇) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages