မြဝတီကုန်သွယ်ရေးဇုန်၏ကုန်သွယ်မှုအခြေအနေ

Tue, 02/06/2024 - 10:54 -- bordertrade

            မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိရာ (၂-၂-၂၀၂၄)ရက်နေ့ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ၊ မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)တင်ပို့ခဲ့ပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊မြေပဲ(အခွံပါ)၊ပြောင်း၊ ငရုတ် (အစို)ဖြစ်ပါသည်။

            ယခုအခါထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန်လိုအပ်ချက်ကြောင့်စားသောက်ကုန်ပစ္စည်းကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

            ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာတင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

            ၂-၂-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်းများ (၀.၂၀၆) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၁၂၅)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်းများ(၀.၀၈၇)ဒေါ်လာသန်း၊ ဆေးဝါး (၀.၀၇၀)ဒေါ်လာသန်း၊ စားသောက်ကုန်ပစ္စည်း (၀.၀၆၀) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၅၁)ဒေါ်လာသန်း၊ စက်အပိုပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ ဘတ္ထရီ (၀.၀၃၈)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၀၃၄)နှင့် စက်မှုကုန်ကြမ်း (၀.၀၂၇)ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

            ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၈.၅၂)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၉.၅၀) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက်လျက်ရှိပါသည်။

            ၂-၂-၂၀၂၄ရက်နေ့အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာကြက်သွန်နီ (၁) တန်လျှင် (၄၇၆.၅၀၆)ဒေါ်လာဖြင့် ( ၆၁၀.၆၉၅) တန်၊ ( ၀.၂၉၁) ဒေါ်လာသန်း၊မြေပဲ(အခွံပါ) (၁) တန်လျှင် (၉၄၉.၆၄၉) ဒေါ်လာဖြင့် (၅၁.၅၉၈) တန်၊ (၀.၀၄၉) ဒေါ်လာသန်းနှင့်ပြောင်း(၁) တန်လျှင် (၂၅၀.၀၀၀) ‌ဒေါ်လာဖြင့် (၃၂) တန်၊ (၀.၀၀၈) ဒေါ်လာသန်း၊ ငရုတ် (အစို) (၁)တန်လျှင် (၃၇၀.၃၇၀)ဒေါ်လာဖြင့် (၈.၁၀၀)တန်၊ (၀.၀၀၃)ဒေါ်လာသန်း တို့ ဖြစ်ပါသည်။

            မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှ ၂ ရက်နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၀.၈၉၆) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၁၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၂.၉၁၅) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages