မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/20/2024 - 10:07 -- bordertrade

               မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၃) ရက်နေ့မှ (၁၇)ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၇၉၂၉) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၁၂၉) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၉၂၁၉) သန်း ကုန်သွယ်မှုဆောင် ရွက်နိုင်ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၁၃) ရက်နေ့ မှ (၁၇) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၉၈.၈) တန်၊ (၀.၀၉၅၁) ဒေါ်လာသန်း၊ ငရုတ်သီး (၄၄၉.၃၂၂) တန်၊ တန်ဖိုး (၀.၃၂၆၇) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၂၆၀.၃၄၀) တန်၊ တန်ဖိုး (၀.၃၆၄၅) ဒေါ်လာသန်း၊  စက်မှု ကုန်ချောပစ္စည်းအနေဖြင့် တံမြက်စည်း (၃၃) တန်၊ တန်ဖိုး (၀.၀၀၆၆) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၂၁.၅) တန်၊ တန်ဖိုး (၀.၀၀၇၉) ဒေါ်လာသန်း၊ ကြွေပြား (၁၃၃၃၅) M2 ၊ တန်ဖိုး (၀.၀၃၁၅) ဒေါ်လာသန်း၊ ကော်ဇော (၂)  တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း၊  ငါးသေတ္တာဘူးခွံ (၅) တန်၊ တန်ဖိုး (၀.၀၀၁၃) ဒေါ်လာသန်း၊ A4 စက္ကူ (၁၂) တန်၊ တန်ဖိုး (၀.၀၁၅၂) ဒေါ်လာသန်း၊ ဖိနပ် (၅၀.၄) တန်၊ တန်ဖိုး (၀.၀၀၅၉) ဒေါ်လာသန်း၊ ကာဗွန်အမှုန့် (၉) တန်၊ တန်ဖိုး (၀.၀၂၁၆) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈) တန်၊ တန်ဖိုး (၀.၀၄၄၅) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်        ပို့ကုန်ပစ္စည်းများ၏ (၁) တန် ဈေးနှုန်းများမှာ ငါးမျိုးစုံ (၈၆၃.၉၄၆) ဒေါ်လာနှုန်း၊ ပုစွန် (၁၄၃၅.၄၁၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၄၅.၇၁၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၂၁၈၃.၄၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၇၈.၃၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၂၇.၀၉) ဒေါ်လာနှုန်း၊ တံမြက်စည်း (၂၀၀) ဒေါ်လာနှုန်း၊ ဖြစ်ပါသည်။

              မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၃၆၇.၄၄၂) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၂၆၀) ဒေါ်လာနှုန်း၊ A4 စက္ကူ (၁၂၆၆.၆၇) ဒေါ်လာနှုန်း၊ ဖိနပ် (၁၁၆.၃၇၉) ဒေါ်လာနှုန်း ဖြစ်ပါသည်။

              မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages