မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Wed, 03/13/2024 - 09:17 -- bordertrade

       မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ(၁၀) ရက်နေ့မှ (၁၂)ရက်နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၁၀၃) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၃၅၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၁၄၅၇) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ မတ်လ(၁၀) ရက်နေ့ မှ (၁၂) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၉၆) တန်၊ (၀.၀၄၃၂) ဒေါ်လာသန်း၊ ငရုတ်သီး (၅၇.၃၈၆) တန်၊ တန်ဖိုး (၀.၀၃၆၂) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက် ပစ္စည်းများ (၇.၁၄၀) တန်၊ တန်ဖိုး (၀.၀၃၀၉) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၆.၅) တန်၊ တန်ဖိုး (၀.၀၀၂၉) ဒေါ်လာသန်း၊ ကြွေပြား (၁၆၀၀) M2 ၊ တန်ဖိုး (၀.၀၀၃၈) ဒေါ်လာသန်း၊ ကော်ဇော (၂)  တန်၊ တန်ဖိုး (၀.၀၀၁၁) ဒေါ်လာသန်း၊  ပုစွန်သားပေါက် (၅၀၀) တန်၊ တန်ဖိုး (၀.၀၀၂၈) ဒေါ်လာသန်း၊ ဖိနပ် (၂၇.၆) တန်၊ တန်ဖိုး (၀.၀၀၃၂) ဒေါ်လာသန်း၊ ကာဗွန်မှုန့် (၉) တန်၊ တန်ဖိုး (၀.၀၂၁၆) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း များမှာ ငါးမျိုးစုံ (၈၅၀.၁၂၀) ဒေါ်လာနှုန်း၊ ပုစွန် (၁၅၉၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၁၉၅၀.၁၅၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၇၉၀.၂၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၄၅၀) ဒေါ်လာနှုန်း၊ ငရုတ်သီး (၆၃၀.၈၁၆) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်းမှာ - သစ်သီး (၄၄၆.၁၅၄) ဒေါ်လာနှုန်း၊ ကြွေပြား (၂.၄) ဒေါ်လာနှုန်း၊ ပုစွန်သားပေါက် (၅.၆) ဒေါ်လာနှုန်း၊  ဖိနပ် (၁၁၅.၉၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

          မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ် အသုံးပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၂-၃-၂၀၂၄) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာ ငွေကျပ် (၁) သိန်းလျှင် ဘတ် (၉၉၀) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၁၀၁.၀၁) ကျပ်ခန့်ရှိပါ ကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေး အနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ် တင်ပြ အပ်ပါသည်။

Border Trade News

Pages