မောတောင်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Tue, 02/06/2024 - 11:02 -- bordertrade

        မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ( ၃၀ ) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၉၉၀) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၁၁၀၅) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၅၀၉၅)သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

       မောတောင်ကုန်သွယ်ရေးစခန်းမှ ဇန်နဝါရီလ ( ၃၀ ) ရက်နေ့မှ ဖေဖော်ဝါရီလ (၃) ရက်နေ့ အထိ လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၁၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊ ငရုတ်သီး (၁၇၄.၄၂၆) တန်၊ တန်ဖိုး (၀.၀၁၄) ဒေါ်လာသန်း၊ ငှက်ပျောသီး (၉၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းအနေဖြင့် ငါးမျိုးစုံ (၁၉၃.၆၀၀) တန်၊ တန်ဖိုး (၀.၁၈၄) ဒေါ်လာသန်း၊ ပုစွန် (၆.၇၀၀) တန်၊ တန်ဖိုး (၀.၀၂၇) ဒေါ်လာသန်း၊ ကဏန်း (၁၇.၀၀၀) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ ကင်းမွန် (၅.၅၀၀) တန်၊ (၀.၀၀၉) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း (၂၇.၃၀၀) တန်၊ တန်းဖိုး (၀.၀၅၃) ဒေါ်လာသန်း ဖြစ်ပါသည်။ သစ်တောထွက်ပစ္စည်းအနေဖြင့် ဓနိဖက် (၄.၅၀၀) တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်းဖြစ်ပါသည်။  စက်မှုကုန်ချောအနေဖြင့် တံမြက်စည်း (၁၈၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း၊ အခြားပို့ကုန်ပစ္စည်းအနေဖြင့် ဆီအုန်းကြိတ်ဖတ် (၁၁၀.၀၁၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှုအနေဖြင့် သစ်သီး (၅၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃၀) ဒေါ်လာသန်း၊ အမွှေးဆီ (၃၇.၉၀၈) တန်၊ တန်ဖိုး (၀.၀၄၅၃) ဒေါလာသန်း၊ Gypsum Board (၃၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၅၄) ဒေါ်လာသန်း၊ ငါးသေတ္တာဘူးခွံ (၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၁၇) ဒေါ်လာသန်း၊ A4 စက္ကူ (၁၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉၄) ဒေါ်လာသန်း၊ PVC Floor (၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၀၆) ဒေါ်လာသန်း၊ ဖိနပ် (၃၆၀၀) 2U ၊ တန်ဖိုး (၀.၀၀၀၄) ဒေါ်လာသန်း၊ ကြွေပြား (၁၆၀၀) M2 ၊ တန်ဖိုး (၀.၀၀၃၉) ဒေါ်လာသန်း၊ ငါးအစာ (၆၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၀၈) ဒေါ်လာသန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်း မှာများ ငါးမျိုးစုံ (၉၅၀.၄၂) ဒေါ်လာနှုန်း၊ ပုစွန် (၄၀၂၉.၈၅) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၂.၉၄) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၆.၃၆) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၂၃၃.၈၇) ဒေါ်လာနှုန်း၊ ငရုတ်သီး (၈၀.၂၆) ဒေါ်လာနှုန်း၊ ငှက်ပျောသီး  (၃၀၇.၇၇) ဒေါ်လာနှုန်း ၊ ဓနိဖက် (၁၃၃.၃၂ ) ဒေါ်လာနှုန်း၊ ဆီအုန်းကြိတ်ဖတ် (၈၉.၉၉) ဒေါ်လာနှုန်း၊ တံမြက်စည်း တစ်ချောင်းလျှင် (၀.၁၈၃) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိက တင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁)တန်ဈေးနှုန်းမှာ - သစ်သီး (၂၅၄.၉၀) ဒေါ်လာနှုန်း၊ Gypsum Board (၁၆၈.၇၅) ဒေါ်လာနှုန်း၊ ငါးသေတ္တာဘူးခွံ (၃၄၀.၀၀) ဒေါ်လာနှုန်း၊ A4 Paper (၁၂၉၃.၃၃) ဒေါ်လာနှုန်း၊ PVC Floor (၆၀၀) ဒေါ်လာနှုန်း၊ ဖိနပ် (၁)ရံလျှင် (၀.၁၁) ဒေါ်လာနှုန်း၊ ကြွေပြား (၁)M2 လျှင် (၂.၄၄) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

Border Trade News

Pages