တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 01/25/2024 - 03:38 -- bordertrade

             တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဇန်နဝါရီလ ၂၂ ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၂.၄၉၅) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၅.၆၈၄) သန်း၊ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ(၈.၀၇၉) သန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။ (၂၂-၁-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း (၆၃၆.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၂) ဒေါ်လာသန်း၊ ထောပတ်သီး (၁၄၁) တန်၊ တန်ဖိုး (၀.၀၇၈) ဒေါ်လာသန်း၊ လိမ္မော်သီး(၁၃.၂၀၀) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ပလပ်စတစ်ဖြတ်စ(၁၈) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၃၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၁၈၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ထိုင်းနိုင်ငံသုံး ဘတ်ငွေလဲနှုန်းအနေဖြင့် (၂၂-၁-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင် (၁၀၀၅) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိက တင်သွင်း လျက်ရှိပြီး (၂၂-၁-၂၀၂၄) ရက်တွင် ဘိလပ်မြေ(၀.၀၀၆) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၄၅) ဒေါ်လာသန်း၊ ဓာတ်ဆီ (၀.၀၆၀) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၈၆) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား (၀.၀၁၁) ဒေါ်လာသန်း၊ ပလပ်စတစ်ဖျာ (၀.၀၁၁) ဒေါ်လာသန်း၊ ​ကြွေပြား (၀.၀၁၃) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၃) ဒေါ်လာသန်း၊ ကားတာယာ (၀.၀၀၆) ဒေါ်လာသန်းအပါအဝင် (၀.၃၄၄) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages