တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Wed, 03/20/2024 - 10:01 -- bordertrade

              တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၉-၃-၂၀၂၄ မှ ၁၅-၃-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၂,၅၅၂.၈၉၉) တန်၊ တန်ဖိုး (၂.၈၆၉) ဒေါ်လာသန်း၊ကြက်သွန်နီ(၂၄၃.၆၀၀) တန်၊ တန်ဖိုး (၀.၁၂၅) ဒေါ်လာသန်း၊ လိမ္မော်သီး (၇၉.၂၀၀) တန်၊ တန်ဖိုး (၀.၀၁၁) ဒေါ်လာသန်း၊ထောပတ်သီး(၁၂၁.၀၀၀) တန်၊ တန်ဖိုး (၀.၀၆၆)ဒေါ်လာသန်း၊တံမြက်စည်း (၉၅.၇၀၀)တန်၊ တန်ဖိုး (၀.၀၂၉) ဒေါ်လာသန်း၊စက္ကူဖြတ်စ (၁၇၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၉) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၄) အပါအဝင် ပို့ကုန်တန်ဖိုး (၃.၁၃၃) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့် ကျပ်(၁) သိန်းလျှင် (၉၇၆.၄၂၈) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၉-၃-၂၀၂၄ မှ ၁၅-၃-၂၀၂၄) တွင် ဓာတ်ဆီ(၅၉၈) BBL ၊ တန်ဖိုး(၀.၀၅၉) ဒေါ်လာသန်း၊ ဒီဇယ် (၁,၅၇၂) BBL ၊ တန်ဖိုး(၀.၁၇၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၃၃၅) ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (၀.၆၁၈) ဒေါ်လာသန်း၊MIXED LPG GAS (၀.၀၀၉) ဒေါ်လာသန်း၊သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၃) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၁၀၀) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၀၃) ဒေါ်လာသန်း၊တာယာနှင့် ကျွတ်များ (၀.၀၁၅) ဒေါ်လာသန်း၊ဆပ်ပြာ (၀.၀၀၃)ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၅၉) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၄၈)ဒေါ်လာသန်းအပါအဝင် သွင်းကုန် တန်ဖိုး (၂.၀၁၅)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages