တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်၊ သွင်းကုန် ကုန်သွယ်နိုင်မှုအခြေအနေ

Mon, 02/19/2024 - 11:47 -- bordertrade

                     တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၁၀-၂-၂၀၂၄ မှ ၁၆-၂-၂၀၂၄) ရက်နေ့ထိပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၅,၄၄၅.၂၀၀) တန်၊ တန်ဖိုး (၁.၂၆၀) ဒေါ်လာသန်း၊ ကြက်သွန်နီ(၁၉၂.၂၀၀) တန်၊ တန်ဖိုး (၀.၁၀၄) ဒေါ်လာသန်း၊ လိမ္မော်သီး (၂၇၇.၂၀၀) တန်၊ တန်ဖိုး (၀.၀၄၀) ဒေါ်လာသန်း၊ထောပတ်သီး(၃၇၁.၀၀၀) တန်၊ တန်ဖိုး (၀.၂၀၄)ဒေါ်လာသန်း၊တံမျက်စည်း (၆၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၀) ဒေါ်လာသန်း၊ စက္ကူဖြတ်စ (၁၉၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်းနှင့် ပလတ်စတစ်ဖြတ်စ (၃၀.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၃) အပါအဝင် ပို့ကုန်တန်ဖိုး (၁.၆၇၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်းအနေဖြင့်ကျပ်(၁) သိန်းလျှင် (၁၀၀၆) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

                တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိရာယခုအပတ်(၁၀-၂-၂၀၂၄ မှ ၁၆-၂-၂၀၂၄) တွင် ဓာတ်ဆီ(၁၇၉၄) BBL ၊ တန်ဖိုး(၀.၁၉၃) ဒေါ်လာသန်း၊ ဒီဇယ် (၁၀၄၈) BBL ၊ တန်ဖိုး(၀.၁၂၄) ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၇၉) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၁.၃၉၈) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၀၀၂)ဒေါ်လာသန်း၊ဖန်ဆောက်လုပ်ရေးပစ္စည်းများ(၀.၀၀၆) ဒေါ်လာသန်း၊ဆောက်လုပ်ရေးပစ္စည်းများ (၀.၃၄၇) ဒေါ်လာသန်း၊စက်ဘီးအပိုပစ္စည်းများ (၀.၀၁၀) ဒေါ်လာသန်း၊ စက်ဆီ/ချောဆီ (၀.၀၂၀)ဒေါ်လာသန်း၊ သုတ်ဆေး၊ ပေါလစ်များ (၀.၀၁၂) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၀) ဒေါ်လာသန်း ၊ အခြားစက္ကူများ (၀.၀၁၂) ဒေါ်လာသန်း၊ဆပ်ပြာ (၀.၀၃၃)ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ(၀.၃၁၉)ဒေါ်လာသန်း၊မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၂၁) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၈၃)အပါအဝင် သွင်းကုန် တန်ဖိုး (၂.၇၃၈)ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages