ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုအခြေအနေ

Thu, 03/21/2024 - 04:01 -- mocadmin

   ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် ၂၀.၀၀ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၅၀ ဒေါ်လာသန်းဖြင့် စုစုပေါင်း ၂၂.၅၀ ဒေါ်လာသန်းဖြစ်ပါသည်။

   မတ်လ ၁၈ ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန် ၂၂.၅၉၃ ဒေါ်လာသန်းနှင့် သွင်းကုန် ၂.၁၀၉ ဒေါ်လာသန်း၊ စုစုပေါင်း ၂၄.၈၅၅ ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် ၁၁၀.၆၀၁% ဆောင်ရွက်နိုင်ခဲ့ပါသည်။

   ၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်မှ မတ်လ ၁၈ ရက်နေ့အထိ တစ်သျှူးငှက်ပျော ၆၉၅၀ တန်၊ ရွှေဖရုံသီး ၂၆၂ တန်၊ ငရုတ်သီး ၁၁၇ တန်၊ ကြက်သွန်နီ ၂၀၄ တန်၊ သန့်စင်ပြီးသံမှုန့် ၅၆ တန်၊ စကျင်ကျောက်ဆင်းတု ၃၁ တန်နှင့် အင်ကြင်းကျောက် ၈ တန်တို့ တင်ပို့နိုင်ခဲ့ပါသည်။

   သွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe၊ Iron Pipe၊ လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပစ္စည်း ၁၅၄.၄၉ တန်၊ လုပ်ငန်းသုံးပစ္စည်း ၁၄.၆ တန်နှင့် လူသုံးကုန် ပစ္စည်း ၁၅၆.၄ တန်တို့ တင်သွင်းနိုင်ခဲ့သည်။

Border Trade News

Pages