ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ထိ ကုန်ပစ္စည်း အမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

Wed, 02/21/2024 - 11:54 -- bordertrade

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

ဖေဖော်ဝါရီလ(၁၉) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၁၇.၂၉၄) ဒေါ်လာသန်း၊ သွင်းကုန် (၁.၆၅၃)ဒေါ်လာသန်း၊ စုစုပေါင်း(၁၈.၉၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၉၂.၄၂၆%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

            ဖေဖော်ဝါရီလ (၁၇)ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင် ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၈)ရက်မှ ဖေဖော်ဝါရီလ (၁၉) ရက်နေ့ အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၄၁၅၀) တန်၊ တန်ဖိုး (၁.၄၄၁) ဒေါ်လာသန်း၊ ဆန်တင်ပို့မှုအနေဖြင့် တန်ချိန် (၂၁၆) တန်၊ တန်ဖိုး (၀.၁၂၂) ဒေါ်လာသန်း၊ ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (၃၇၈) တန်၊ တန်ဖိုး (၀.၁၃၉) ဒေါ်လာသန်း၊ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၇၀) တန်၊ တန်ဖိုး(၀.၀၉၂)ဒေါ်လာသန်း၊ Iron Concentrate တန်ချိန် (၅၆) တန်၊ တန်ဖိုး(၀.၀၀၆)ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၃၄၈)တန်၊ တန်ဖိုး (၀.၀၃၅) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe ၊ လိမ္မော်သီး နှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၅.၈) တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ လုပ်ငန်းသုံး ပစ္စည်း တန်ချိန် (၄၄) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၆၅) တန်၊ တန်ဖိုး (၀.၀၂၃) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

            ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages