ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုအခြေအနေ

Wed, 03/06/2024 - 09:59 -- bordertrade

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

မတ်လ(၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(2.740) ဒေါ်လာသန်း၊ သွင်းကုန်(0.261)ဒေါ်လာသန်း၊စုစုပေါင်း(3.002)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁3.341%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(2)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၂7)ရက်မှ မတ်လ(၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀)ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (15000)တန်၊ တန်ဖိုး(5.201) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (273) တန်၊ တန်ဖိုး(၀.081) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (170)တန်၊ တန်ဖိုး(0.084)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (200) တန်၊ တန်ဖိုး (၀.၀18) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန် (539) တန်၊ တန်ဖိုး(၀.054)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (119.10)တန်၊ တန်ဖိုး(၀.၀88)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (463.30) တန်၊ တန်ဖိုး (၀.378) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (178.80) တန်၊ တန်ဖိုး (၀.၀76) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

Border Trade News

Pages