ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်းတင်သွင်းမှုအခြေအနေ

Wed, 03/20/2024 - 10:05 -- bordertrade

              ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊မတ်လကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၄ .၅၀၀) သန်းဖြစ်ပြီး (၁၇-၃-၂၀၂၄)ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၁၈.၉၅၃)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၇၇.၃၅၉% )ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိပို့ကုန်တန်ချိန် (၆၃၂၃.၆၃၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၄.၆၈၇)သန်းနှင့်သွင်းကုန်တန်ချိန်(၂၂၃၅.၉၄၃)တန်၊(၇၂၅၄)U၊(၁၂၉၃၃၄)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၇၀၄)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅.၃၉၁) သန်းဖြစ်ပါသည်။

                      ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ၁၂ရက်နေ့မှ၁၆ရက်နေ့အထိရေထွက်ကုန်ပစ္စည်းအုပ်စုတွင် (၅၂၃၈.၉၅၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၄.၄၀၁)သန်း၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုတွင် (၈၃၂.၀၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၉၁)သန်းနှင့် အခြားပစ္စည်းအုပ်စုတွင်(၂၅၂.၆၇၆)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၀.၀၉၅)သန်းတင်ပို့နိုင်ခဲ့ပါသည်။ပို့ကုန် တိုးမြှင့်ရေးအဓိကဆောင်ရွက်လျက်ရှိရာပြောင်းသီးနှံအားတစ်ဘက်ထိုင်းနိုင်ငံမှ Quota  ကာလအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ(၁)ရက်မှ ဩဂုတ်လ (၃၁)ရက်နေ့အထိခွင့်ပြုထားသဖြင့် မိမိနိုင်ငံထွက်ပြောင်းများကိုပင်လယ်ရေကြောင်းရန်ကုန်ဆိပ်ကမ်းများမှတစ်ဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက်တင်ပို့လျက်ရှိသကဲ့သို့ နယ်စပ်လမ်းကြောင်းကော့သောင်းမှတစ်ဆင့် တင်ပို့မှုများလည်းဆောင်ရွက်လျက်ရှိပါသည်။

Border Trade News

Pages