ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Wed, 03/13/2024 - 09:15 -- bordertrade

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ် ဖြင့် အဓိကတင်ပို့နေသော ပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကတင်ပို့နေသောပစ္စည်း များမှာ ငါးမျိုးစုံ၊ ပုစွန်၊ ရေဘဝဲ၊ ကဏန်း၊ ကင်းမွန်(စို/ခြောက်)၊ ငါးပါကင်၊ ဆီအုန်းတို့ဖြစ်သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ အမေရိကန်ဒေါ်လာ (၂၄.၅၀၀) သန်း ဖြစ်ပြီး (၁၁-၃-၂၀၂၄)ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ (၁၃.၅၇၈)ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ သဖြင့် လျာထားချက်အပေါ် (၅၅.၄၂၁ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့မှ ၁၁ရက်နေ့အထိ ပို့ကုန်တန်ချိန် (၃၈၆၅.၁၇၇)တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၁.၇၇၇)သန်းနှင့် သွင်းကုန်တန်ချိန် (၉၆.၀၃၆)တန်၊ (၁၁၃၆၆၅၇)U၊ (၇၂၀၀၀)2U၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၁၆၇)သန်းဖြစ်ပြီး ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ (၁.၉၄၄) သန်းဖြစ်ပါသည်။

Border Trade News

Pages