ကော့သောင်းကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရေထွက်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ပစ္စည်း တင်သွင်းမှု အခြေအနေ

Wed, 03/06/2024 - 09:58 -- bordertrade

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၀ .၅၀၀) သန်းဖြစ်ပြီး (၂၉-၂-၂၀၂၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၃၀.၂၁၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၄၇ .၄၀၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ၂ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၆၇၁.၉၀၄)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၇၆၁)သန်းနှင့်သွင်းကုန်တန်ချိန်(၁၅၆၄.၄၃၉)တန်၊(၁၁၀၀)U၊(၁၃၇၅၂၀)2U၊ (၂၁၀၅၃)M2၊ (၁၅၀၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁. ၄၄၆)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅ .၂၀၇) သန်းဖြစ်ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၄၃၉၁ .၉၀၄ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၃ .၇၃၇ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ၂၈၀ .၀၀၀တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၀ .၀၂၄သန်းတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်တွင် အမယ်သစ် ရှပ်ခရုတန်ချိန် (၁၂) ၊ တန်ဖိုး( ၀.၀၃၀ ) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။

         သွင်းကုန်ပိုင်းအနေဖြင့်   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင်  ၆၁၆ .၀၄၉တန်၊ ၂၁၀၅၃M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၃၉၄သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ၇၁ .၀၀၀ တန်၊ ၁၅၀၀ BBL၊ ၁၁၀၀ U၊တန်ဖိုးအမေရိကန် ဒေါ်လာ ၀.၂၂၅ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင်၈၇၇ .၃၉၀တန်၊ ၁၃၇၅၂၀ 2U၊တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၈၂၇သန်းတင်သွင်းခဲ့ပါသည်။

Border Trade News

Pages