မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Mon, 02/19/2024 - 11:50 -- bordertrade

        မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ(၁၇)ရက်နေ့အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၁၁) ဒေါ်လာနှုန်းဖြင့်(၁၃၁၅) တန် ၊ တန်ဖိုး (၁.၁၉၈) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ငါးကြိတ်သား (၁)တန်လျှင် (၁၈၃၇) ဒေါ်လာနှုန်းဖြင့် (၂၇) တန် ၊ တန်ဖိုး (၀.၀၅၀)ဒေါ်လာသန်းတို့အားအကောက်ခွန်သက်သာခွင့်ဆိုင်ရာပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်များလျှောက်ထားရယူ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့် ထိုင်းနိုင်ငံပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်းကြောင်းဖြင့်လည်းကောင်း၊ ရော်ဘာ(၁)တန် လျှင် (၁၃၉၄) ဒေါ်လာနှုန်းဖြင့်(၁၆၁၂.၈၀) တန် ၊ တန်ဖိုး (၂.၂၄၈) ဒေါ်လာသန်းအား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ မလေးရှားနိုင်ငံသို့ ရေလမ်းကြောင်းဖြင့်တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန် တန်ဖိုး (၃.၄၉၆) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန်(၁)တန်လျှင်ကားခ(ကုန်ကျစ်)၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန်လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်းသိရှိရပါသည်။

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ဖေဖော်ဝါရီလ (၁၃)ရက်နေ့မှ(၁၇)ရက်နေ့အတွင်းသွင်းကုန်တင်သွင်းမှုဒီဇယ်ဆီ (၁)တန်လျှင် (၈၄၄.၉၅) ဒေါ်လာနှုန်းဖြင့်(၁၀၀) တန် ၊ တန်ဖိုး (၀.၀၈၄) ဒေါ်လာသန်း၊ ဓာတ်ဆီ (၁)တန်လျှင် (၉၀၂.၃၅) ဒေါ်လာနှုန်းဖြင့်(၁၅၀) တန် ၊ တန်ဖိုး (၀.၁၃၅) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၂၇၉၉.၈၅)တန်၊ (၆၅၉၆)U၊ (၁၉၃၃၀.၈၃)M2 တန်ဖိုး (၁.၀၅၃)ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၄.၉၆)တန်၊(၁၂၅၀၁)U တန်ဖိုး (၀.၀၃၃)ဒေါ်လာသန်း၊လူသုံးပစ္စည်း (၁.၂၄၆)တန်၊ (၁၉၂၀၀)2U တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်းစုစုပေါင်းသွင်းကုန်တန်ဖိုး (၁.၃၁၅) ဒေါ်လာသန်းအားတင်သွင်းနိုင်ခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁)လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁)လီတာ (၂၉၃၀) ကျပ်ဖြင့်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈.၈) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages