မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

Tue, 02/06/2024 - 10:58 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်တင်ပို့နိုင်မှုအခြေအနေ

            မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့ မှ ဖေဖော်ဝါရီလ (၃)ရက်နေ့ အတွင်း ပို့ကုန်ငါးမှုန့်(၁) တန်လျှင် (၉၀၉) ဒေါ်လာနှုန်းဖြင့် (၁၀၀၀) တန် ၊ တန်ဖိုး (၀.၉၀၉) ဒေါ်လာသန်း အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့် လျှောက်ထားရယူ၍ ထိုင်းနိုင်ငံရနောင်းသို့ ရေလမ်းကြောင်းဖြင့်လည်းကောင်း ၊ ငါးကြိတ်သား (၁) တန် လျှင် (၁၈၃၅) ဒေါ်လာနှုန်းဖြင့် (၉) တန် ၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်းတို့အား အကောက်ခွန် သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form D အကျိုးခံစားခွင့်များ လျှောက်ထား ရယူ၍ မောတောင်ကုန်သွယ်ရေး စခန်းမှတစ်ဆင့်ထိုင်းနိုင်ငံ ပရာကျွတ်ကရီခမ်ခရိုင်သို့ ကားလမ်း ကြောင်းဖြင့် လည်းကောင်း တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၉၂၆) ဒေါ်လာသန်း တင်ပို့ခဲ့ပါ သည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင် ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်း သိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက် ရှိကြောင်း သိရှိရပါသည်။

           မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၃) ရက်နေ့ အတွင်း သွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီ (၁)တန်လျှင် (၈၃၄.၆) ဒေါ်လာနှုန်းဖြင့်(၁၅၀၀) တန် ၊ တန်ဖိုး (၁.၂၅၂) ဒေါ်လာသန်း၊ ရင်းနှီးမြှုပ်နှံမှုပစ္စည်း (၁၃၆၇.၄၀၉)တန်၊ (၃၁၂၆.၇၂) M2၊ (၃၀၄၅.၉၇) U၊ တန်ဖိုး (၀.၂၄၄) ဒေါ်လာသန်း နှင့် လုပ်ငန်းသုံးပစ္စည်း (၁၆၅.၂၇၅)တန်၊ (၁၄၀၀) M2၊ (၁၈၉၈၀) U၊ တန်ဖိုး (၀.၅၈၉) ဒေါ်လာသန်း၊ စုစုပေါင်းသွင်းကုန်တန်ဖိုး (၂.၀၈၅) ဒေါ်လာသန်းအား တင်သွင်းနိုင်ခဲ့ပါသည်။ မြိတ် ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၉.၅) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages