ပြည်သံပရာသီး အရောင်းအဝယ်သွက်၍ ဈေးကောင်းနေ

Fri, 05/24/2019 - 05:52 -- admin_ygn

         ပြည်ဒေသထွက် သံပရာသီးဈေးကွက် ယခုနှစ်မှာ အရောင်း အဝယ် ပိုဖြစ်ပြီး ဈေးကောင်းရလျက်ရှိသည်။ ဒေသတွင်းအထွက်လည်း များပြီး၊ နှစ်စဉ် ရန်ကုန်၊ မန္တလေးသို့ တင်ပို့လျက်ရှိကြောင်း သိရသည်။ ယခုနှစ် သံပုရာ သီးစိုက်တောင်သူများ ဈေးကောင်းရရှိပြီး နယ်ဝယ် လက်တွေ ပိုမိုတင်ပို့ရခြင်းကြောင့်  ဒေသတွင်း သံပရာသီးဈေးကွက်မှာ ဈေးကောင်းရရှိလျက်ရှိသည်။ လက်ကားသံပုရာသီး  ရာချင်းဈေး တစ်လုံးလျှင် ၅၅ကျပ်၊ ၆၅ကျပ်မှ ၈၀ ကျပ်ဈေးတို့ဖြစ်ပြီး ဒေသတွင်းလက်လီဈေးမှာ တစ်လုံးလျှင် ၈၀ကျပ်၊ ၁၀၀ကျပ်၊ ၁၅၀ကျပ်တို့ဖြင့် အသီးသီး ရောင်းချလျက်ရှိနေသည်။

 

နီနီဝင်း

Border Trade News

Pages