မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Tue, 12/05/2023 - 03:33 -- bordertrade

၁။     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက် ရှိရာ (၂၉-၁၁-၂၀၂၃) ရက်နေ့မှ (၁-၁၂-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက် ကုန်ပစ္စည်းများဖြစ်သည့်ငရုတ်၊ဂေါ်ဖီ၊ ကြက်သွန်နီ၊ မတ်ပဲ၊ ချင်းခြောက်၊ ပြောင်းမှုန့်၊ နနွင်းတက်၊ မကျည်းသီး(အစေ့ပါ)၊ ငါးဖမ်းပိုက်၊ ပုလင်းကွဲ၊ တောထန်းမြစ်ခြောက်၊ ရေထွက်ပစ္စည်းများဖြစ် သောငါးကြင်းဆီဖောင်းခြောက်၊ကဏန်း၊ပုစွန်၊ငါးကြိတ်သား၊ ငါးပါးလျှပ်၊ ငါးမွှေထိုး၊ ကျောက်ငါး၊ ငါးသင်ဖြူး၊ ငါးခွေးလျှာ၊ တွင်းထွက်ပစ္စည်းများ ဖြစ်သော ခဲ/သတ္တုများနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

၂။     (၂၉-၁၁-၂၀၂၃)ရက်နေ့မှ(၁-၁၂-၂၀၂၃)  ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း များမှာ ငရုတ်၊ ကြက်သွန်နီ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

၃။     ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလလာကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသ ည်။

၄။     ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီ နှင့်ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်း စစ်ဆေးမှုများတွင်ဦးစား ပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။     (၂၉-၁၁-၂၀၂၃) ရက်နေ့မှ (၁-၁၂-၂၀၂၃)  ရက်နေ့ထိ သွင်းကုန်ပစ္စည်း တင်သွင်းမှုအနေ ဖြင့် တိရိစ္ဆာန်အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန်ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုတ်ဆေး၊ အိမ်သုံးပစ္စည်း၊ လူသုံးကုန်ပစ္စည်း၊စက်ရုံသုံးပစ္စည်း၊ စက်နှင့်စက်ပစ္စည်းကိရိယာများနှင့် ငါးဖမ်း ပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။     (၂၉-၁၁-၂၀၂၃)ရက်နေ့မှ (၁-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန် ပစ္စည်းများမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်း၊ စက်နှင့်စက် အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

၇။     ပြင်ပငွေလဲနှုန်းအနေဖြင့်ယခင်အပတ်က တစ်ဘတ်လျှင် (၉၀.၀၉)ကျပ် ရှိပြီး ယခုအပတ် တွင် (၉၁.၃၂) ကျပ်ဖြစ်ပါသဖြင့်  ဘတ်စျေး အနည်းငယ် မြင့်တက်သွားပါသည်။

၈။     (၂၅-၁၁-၂၀၂၃မှ၁-၁၂-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာငရုတ် (ခြောက်) (၁) တန်လျှင် (၁၅၄၉.၅၃၈) ဒေါ်လာဖြင့် (၀.၅၈၄.၀၄၅) တန်၊ (၀.၉၀၅) ဒေါ်လာသန်း၊ ကြက်သွန်နီ (၁)တန်လျှင် (၈၀၀.၄၃၀) ဒေါ်လာဖြင့် (၁၀၀၄.၄၆၀)တန်  (၀.၈၀၄) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၃.၉၄၀) ဒေါ်လာဖြင့် (၂၇၄၁)တန် (၀.၅၅၉) ဒေါ်လာသန်း၊ ချုပ်ပြီး အထည်(၆၀၈၇၉)U၊ (၂.၀၃၉) တန်လျှင် (၀.၄၅၂)ဒေါ်လာသန်း၊ မတ်ပဲ (၁) တန်လျှင် (၁၄၃၇.၅) ဒေါ်လာဖြင့် (၁၆၀.၀၀၀) တန် (၀.၂၃၀) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၁) တန်လျှင် (၄၂၇၇.၇၇၈) ဒေါ်လာဖြင့် (၃၆) တန် (၀.၁၅၄) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၇.၇၇၈) ဒေါ်လာ ဖြင့်(၇၂.၀၀၀)တန်(၀.၁၁၀)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁)တန်လျှင် (၂၁၂၀) ဒေါ်လာ ဖြင့်(၂၅)တန် (၀.၀၅၃) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို)  (၁) တန်လျှင် (၃၂၀.၈၅၈) ဒေါ်လာ ဖြင့်(၁၁၅.၃၁၆)တန် (၀.၀၃၇) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း  (၁) တန်လျှင် (၃၃၂၈.၅၀၉) ဒေါ်လာဖြင့် (၆.၉၁၀) တန် (၀.၀၂၃) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၉။     (၂၅-၁၁-၂၀၂၃ မှ ၁-၁၂-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုး မှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၂.၀၈၅) ဒေါ်လာသန်း၊ ချည်ထည်များ (၁.၈၁၃) ဒေါ်လာသန်း၊ ဆေးဝါးပစ္စည်းများ(၁.၀၆၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ် ရေးပစ္စည်းများ(၀.၇၈၉)ဒေါ်လာသန်း၊ ဆပ်ပြာ(၀.၆၇၁) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ် ရေးပစ္စည်းများ (၀.၆၄၈) ဒေါ်လာသန်း၊မော်တော်ယာဉ်နှင့်မော်တော်ယာဉ်ပစ္စည်းများ (၀.၅၇၀) ဒေါ်လာသန်း၊ အလှကုန်ပစ္စည်းများ (၀.၅၄၅) ဒေါ်လာသန်း၊  သံနှင့်သံမဏိပစ္စည်းများ (၀.၄၇၄) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၄၀၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၁၀။   မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့်၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁ရက် နေ့အထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၂၁.၀၀၃) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၈၃.၅၃၉) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၀၄.၅၄၂ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

Border Trade News

Pages