မြိတ်ကုန်သွယ်ရေးစခန်းမှပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 11/30/2023 - 04:03 -- bordertrade

မြိတ်ကုန်သွယ်ရေးစခန်းမှ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့မှ နိုဝင်ဘာလ(၂၆) ရက်နေ့ အတွင်း ပို့ကုန်တင်ပို့မှု ငါးမှုန့် တစ်တန်လျှင် (၉၀၃) ဒေါ်လာနှုန်းဖြင့်(၇၈၀) တန် ၊ တန်ဖိုး (၀.၇၀၄) ဒေါ်လာသန်း ၊ ငါးကြိတ်သား တစ်တန်လျှင် (၁၈၂၀) ဒေါ်လာနှုန်းဖြင့် (၁၄.၄) တန် ၊ တန်ဖိုး (၀.၀၂၆) ဒေါ်လာသန်း စုစုပေါင်းပို့ကုန်တန်ဖိုး (၀.၇၃၀)အား အကောက်ခွန်သက်သာခွင့်ဆိုင်ရာ ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် FormD အကျိုးခံစားခွင့်လျှောက်ထားရယူ၍ ထိုင်းနိုင်ငံသို့ ကားလမ်းကြောင်းဖြင့် မောတောင် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ပရာကျွတ်ကရီခမ်ခရိုင်သို့ တင်ပို့နိုင်ခဲ့ပါသည်။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိ ကုန်(၁) တန်လျှင်ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်း) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ်-ထားဝယ်-ရန်ကုန်လမ်းကြောင်း ကောင်းမွန် လျက်ရှိကြောင်း သိရှိရပါသည်။

မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့မှ နိုဝင်ဘာလ (၂၆) ရက်နေ့ အတွင်းသွင်းကုန်တင်သွင်းမှု ဒီဇယ်ဆီတစ်တန်လျှင် (၉၂၇) ဒေါ်လာနှုန်းဖြင့် (၁၃၀၀) တန် ၊ တန်ဖိုး (၁.၂၀၅) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။ မြိတ်ဒေသတွင် ဓာတ်ဆီတစ်လီတာ (၂၈၅၀) ကျပ်နှင့် ဒီဇယ် တစ်လီတာ (၂၈၆၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၇) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

Border Trade News

Pages