E-Commerce Virtual Conference ကို စီးပွား/ ကူးသန်း ဦးစီး၍ မေလ ၂၈ ရက်နေ့တွင် ကျင်းပမည်

Wed, 05/27/2020 - 05:33 -- dotadmin

မြန်မာနိုင်ငံသည် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုတွင် အခွင့်အလမ်းများစွာ ဖန်တီးနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းမြှင့်တင်ခြင်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အနာဂတ်တွင် အလားအလာကောင်းများရှိသော အီလက်ထရွန်နစ် အသုံးပြုကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ် Joint Statement on E-Commerce တို့တွင် ဝင်ရောက်ထောက်ခံခဲ့ပြီး E-Commerce ဆိုင်ရာ ဒေသတွင်း လုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတွင်း e-commerce အသုံးပြုမှုကို အရှိန်အဟုန် မြှင့်တင်ရေး အတွက် အစိုးရ - ပုဂ္ဂလိက ဆွေးနွေးမှုများအား ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကို ၂၀၁၇ ခုနှစ်မှစတင်၍ ဆောင်ရွက်လျက်ရှိပါသည်။

COVID- 19 စီးပွားရေးကုစားမှုအစီအစဉ် (COVID-19 Economic Relief Plan-CERP) ၏ ပန်းတိုင် ၅ အရ အချိန်တိုအတွင်း အကောင်အထည် ဖော်ရမည့် E-commerce နှင့်စပ်လျဉ်းသော ဆောင်ရွက်ရန် စီမံချက် ငါးခုအား မြန်ဆန်စွာ စတင်ဆောင်ရွက်နိုင်ရေးအတွက် ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဖွံ့ဖြိုးမှုမိတ်ဖက် များ နှင့်လည်း နည်းပညာအထောက်အပံ့များရရှိနိုင်ရေး ဆွေးနွေးလျက်ရှိပါသည်။

ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအား အများပြည်သူ သိရှိစေရန်နှင့် စီမံချက် များအတွက် ရှေ့ဆက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များအား စနစ်တကျဖော်ထုတ်နိုင်ရေး ရည်သန်၍ မြန်မာနိုင်ငံ၏ ပထမဆုံး E-Commerce Virtual Conference ကို ၂၀၂၀ ပြည့်နှစ်၊ မေလ  ၂၈ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ Conference ၏ Theme မှာ “အကြပ်အတည်းကို ရင်ဆိုင်ကာ ရေရှည်ရှင်သန်နိုင်ဖို့ အီးကောမက်စ်ကို အရှိန်မြှင့်စို့” ဖြစ်ပါသည်။

Conference တွင် Session (၄) ခု ပါဝင်ပြီး Session 1 တွင် (CERP Action Plan 5.1.2 a) အရ လက်ကားစီးပွားရေးလုပ်ငန်းများက e-Commercemarketplaces/ platforms များတွင် ဝင်ရောက် ရောင်းချနိုင်ရေးအတွက် အားပေးဆောင်ရွက်သွားမည့်အခြေအနေများအား ဆွေးနွေး သွားမည်ဖြစ်ပါ သည်။ Session 2 တွင် CERP Action Plan 5.1.1 b အရ e-payment စနစ်မြှင့်တင် အသုံးပြုရေး အတွက် ဘဏ်များ၊ Payment Service Provider များနဲ့ ဆွေးနွေးခြင်းဖြစ်ပါသည်။

Session 3 တွင် CERP AP 5.1.2 b အရ အွန်လိုင်းမှ ဝယ်ယူသူများအတွက် last mile delivery services များအား အားပေးမြှင့်တင် ဆောင်ရွက် နိုင်ရေးအတွက် Delivery လုပ်ငန်းဆောင်ရွက်နေ သူများနှင့် ဆွေးနွေးခြင်း ဖြစ်ပါသည်။

Session 4 တွင် E-Commerce Eco-system ကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒရေးရာပိုင်းကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

Panel Session များတွင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ၊ ကော်မတီများနှင့် Industry Player များ ပါဝင်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

Conference ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပါဝင် တက်ရောက်သူများအနေနှင့် စိတ်ပါဝင်စားသည့် Session များအား ဝင်ရောက်နားဆင်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။ Conference ၏ တက်ရောက်နိုင်သည့်ဦးရေမှာ (၄၅၀) ဦးဖြစ်ပါသဖြင့် လူဦးရေ ကန့်သတ်ထားမှုအရ First Come, First Served ဖြစ်ပါကြောင်းနှင့် တက်ရောက်လိုသူများအနေနှင့် Register ပြုလုပ်လိုသည့် အီးမေးလ်လိပ်စာအား [email protected] သို့ ပေးပို့ပေး နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

 

Agenda of The First E-Commerce Virtual Conference in Myanmar

နောက်ဆုံးရသတင်းများ

Pages