အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု

Post date: 05/10/2011

ထိုင်းအစိုးရက စပါးပေါင်နှံခြင်းစီမံကိန်းအသစ်အရ အသစ်ရိတ်သိမ်းပြီးတဲ့ ဆန်မွှေး တန်ချိန် ၄၀၀၀၀ ကို  လေလံတင်ရောင်းချသွားကာ ဈေး ကွက်ရဲ့ တုံ့ပြန်မှုနဲ့ ဈေးနှုန်းကို စမ်းသပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။
၎င်းင်းအစီအစဉ်အရ ကုန်သွယ်ရေးဝန်ကြီးရဲ့ သဘောတူညီချက်လက်မှတ်လိုအပ်ကြောင်းနဲ့ အရည်အသွေး မြင့်ဆန် ဈေးကွက်ကို စိတ်ဝင်စား လာစေဖို့ ရည်ရွယ်ကြောင်း နိုင်ငံခြားကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် Manat Soiploy  ကပြောကြားလိုက်တယ်။
၁၀၀ ရာခိုင်နှုန်း ဟုန်မလီဆန်မွှေးကို အာမခံဈေးနှုန်းတစ်တန်မှာ ဘတ် ၂၀၀၀၀ ကိုအခြေခံပြီး ကြိတ်ခွဲ စရိတ်နဲ့ ထုတ်ပိုးခြင်း ကုန်ကျစရိတ်တွေ ထည့်ပေါင်းကာ  ဆန်တန်ချိန် ၃၀၀၀၀ မှ ၄၀၀၀၀ ကြားကို FOB ဈေးနှုန်းနဲ့ လေလံဆွဲသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ စပါးပေါင်နှံခြင်း စီမံချက်ကို အောက်တိုဘာလ ၇ ရက်နေ့မှာစတင်မှာဖြစ်ပြီး ဘတ်ဂျတ် ဘတ် ၄၅၀ သန်းသုံးစွဲဖို့ ရည်မှန်းထားခဲ့ရာမှ 

Post date: 05/10/2011

အိန္ဒိယ-အာဆီယံလွတ်လပ်တဲ့ ကုန်သွယ်မှုသဘောတူစာချုပ်ကို အရှိန်မြှင့်တဲ့အနေနဲ့ မြန်မာနဲ့ကူးသန်း ရောင်းဝယ်မှုကို အိန္ဒိယကနှစ်ဆတိုးမြှင့်လိုတဲ့အပြင် လယ်ယာစိုက်ပျိုးရေးသုတေသန ၊ သဘာဝဓါတ်ငွေ့စူးစမ်း ရှာဖွေရေးမှာ နှစ်နိုင်ငံအပြန်အလှန်ဆက်ဆံမှုကို အမျိုးမျိုးတိုးတက်ဆောင်ရွက်လိုတယ်လို့ ဆိုပါတယ်။ ပဲမျိုးစုံ၊ အသား၊ ထုတ်ကုန်ပစ္စည်း၊ သစ်နဲ့ ဆေးဝါးအပါအဝင် အိန္ဒိ-မြန်မာကုန်သွယ်မှုက လောလောဆယ်မှာ ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံဖိုးသာရှိနေပါတယ်။
၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်သွားဖို့ ကျွန်တော်အဆိုပြုခဲ့ ပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားဖို့လို့ ပါတယ် ဟု မြန်မာနိုင်ငံ စီးပွားရေနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့ နယူးဒေလီမှာ ကျင်းပတဲ့ ပူးတွဲကုန်သွယ်ကော်မရှင်းအစည်းအဝေးမှာ အိန္ဒိယစီးပွားရေး^ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး အာနန်ရှားမားက ပြောပါ တယ်။
နှစ်နိုင်ငံစီးပွားရေးလုပ်ငန်း အသိုက်အဝန်းက အခွန်လွတ်အကောက်ခွန်ဦးစားပေး အစီအစဉ် ( Duty Free Tariff Preference Scheme )  နဲ့ အာဆီယံ FTA   တို့ကို နှစ်နိုင်ငံကုန်သွယ်မှုကို အမျိုးမျိုးပွားများဆောင်ရွက်ဖို့ အတွက် အသုံးပြုသင့်တယ်လို့ ရှားမားကပြောပါတယ်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူစာချုပ် FTA  ကို

Post date: 05/10/2011

၂၀၁၁ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ i Phone သစ်ကိုစတင်မိတ်ဆက်ပေးမယ်လို့ အက်ပဲက စက်တင်ဘာ ၂၇ ရက်က ကြေညာပါတယ်။ ယခုမိတ်ဆက်ပွဲက သြဂုတ်က စတိဂျော့ထံမှအက်ပဲစီမံခန့်ခွဲမှုကို အမှုဆောင်အ ရာရှိချုပ်တင်ကွတ် လက်လွှဲရယူခဲ့ပြီးနောက်ပိုင်း ထုတ်ကုန်ကြီးကြီး မားမားကိုပထမဆုံးပွဲထုတ်တဲ့

Post date: 05/10/2011

အာရှဒေသများရှိ အလုပ်လျှောက်ထားသူတွေက သူတို့ရဲ့လုပ်ငန်းဆိုင်ရာကိုယ်ရေးအကျဉ်းချုပ် တင်ပြရာ မှာ လိမ်လည်မှုများ ပိုမိုများပြားလာ တယ်။ အထူးသဖြင့် အိုင်တီလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ဘဏ္ဍာရေးဝန်ဆောင် မှုလုပ်ငန်းတွေမှာ အများဆုံးဖြစ်တယ်လို့ အလုပ်အကိုင်စိစစ်ရေးအေ ဂျင်စီ First  Advantage  ရဲ့ အစီရင်ခံစာမှာ

Post date: 05/10/2011

ယခင်နှစ်က အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ စီးပွားရေးပျမ်းမျှတိုးတက်မှုနှုန်းက ၆ ရာခိုင်နှုန်းကျော် ရှိပါ တယ်။ ဒါကြောင့် ဒီဒေသဟာ မကြာသေးမီက ထူးခြားတဲ့အောင်မြင်မှုတွေရရှိနေပြီး အာရှတစ်ခုလုံးစုစုပေါင်း ဂျီဒီပီရဲ့ ၁၀ ရာခိုင်နှုန်းခန့်ကို

Post date: 05/10/2011

ယန်းငွေတန်ဖိုးမြင့်တက်တဲ့အတွက် စီးပွားရေးအရရပ်တည်နိုင်ဖို့ ကုန်ကျစရိတ်လျှော့ချရေး အစီအမံအရ ဟွန်ဒါမော်တာ ကုမ္ပဏီက တန်ဖိုးနည်းမော်တော်ဆိုင်ကယ်အသေးစားထုတ်လုပ်မှုကို ပြည်ပသို့ပြောင်းရွှေ့ ထုတ်လုပ်မယ်လို့ သက်ဆိုင်ရာ သတင်းရပ်ကွက်မှ သတင်းရရှိပါတယ်။ တစ်ချိန်းတည်းတွင် လက်ရှိထုတ်လုပ်မှုကို ထိန်းသိမ်းထားတဲ့အနေနဲ့

Post date: 04/10/2011

ကြေငြာချက်ကို ဗီယက်နမ်သမ္မတ  Truong Tan Sang ကကြီးမှူးကျင်းပတဲ့ စင်ကာပူ-ဗီယက်နမ်စီးပွားရေး ဆွေးနွေးပွဲနဲ့ ညစာစားပွဲမှာ စင်ကာပူ စက်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီး Lim Hng Kiang  ကပြောကြားလိုက် ခြင်းဖြစ်တယ်။ စင်ကာပူကုမ္ပဏီတွေက ဗီယက်နမ်နိုင်ငံရဲ့ ဒေသများစွာမှာ

Post date: 04/10/2011

အင်ဒိုနီးရှားအနေနဲ့ အာဖရိကနိုင်ငံတွေကို တင်ပို့မှုပမာဏက လာမဲ့သုံးနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်း အထိ တိုးတက်မှုရှိလာနိုင်မယ်လို့ အင်ဒိုနီးရှား ကုန်သွယ်ရေးဝန်ကြီး Marie Elka Pangestu က စက်တင်ဘာလ ၂၆ ရက်နေ့မှာ ပြောကြားခဲ့တယ်။ ယခင်နှစ်က အာဖရိကနိုင်ငံတွေကို တင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရရှိခဲ့ပြီး ၎င်းရှေ့နှစ်ကထက် ၃၀ ရာခိုင်နှုန်း ပိုမိုခဲ့ကြောင်း ၊ လက်ရှိနှစ်မှာလည်း ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံထိ ရရှိတင်ပို့နိုင်ခဲ့ကြောင်း

Post date: 04/10/2011

တရုတ်မှာ ကောက်ပဲသီးနှံထွက်ရှိမှုက ယခုနှစ်အထိ ၈ နှစ်ဆက်တိုက်ထွက်ရှိမှုမြင့်မားခဲ့သော်လည်း တိုးတက်လာတဲ့ ဝယ်လိုအားကို ရောင်းလို အားက လိုက်မီနိုင်ဦးမှာ မဟုတ်တာကြောင့် စားသုံးသူတွေက ဈေးနှုန်း အတန်အသင့်မြင့်မားမှုကို ကြုံတွေ့ရဦးမှာဖြစ်တယ်။
တရုတ်နိုင်ငံရဲ့ ပြည်တွင်းဝယ်လိုအားကို ပြည့်မီနိုင်ဖို့အတွက် ကောက်ပဲသီးနှံအချို့ ကိုတင်သွင်းနိုင် ဖို့တွန်းအားပေးပြီး ကမ္ဘာ့စားသောက် ကုန်ဈေးနှုန်းတွေ မတည်ငြိမ်မှာစိုးတာကြောင့်

Post date: 30/09/2011

တရုတ်နိုင်ငံဟာ ပြည်တွင်းလိုအပ်ချက်ကို ပြည့်မီအောင် ထုတ်လုပ်နိုင်မှုမရှိတဲ့အတွက် ပဲပုပ်နဲ့ မုန်ညှင်းဆီ တင်သွင်းမှုမြင့်တက်ဖွယ်ရှိတယ်လို့ ဟမ်းဘတ် အခြေ စိုက် သုတေသနဌာန Oil  World  မှ ပြောကြားပါတယ်။ အောက်တိုဘာလ ၁ ရက်နေ့မှာစတင်တဲ့ ယခုနှစ်အတွင်း ပဲပုပ်၊ မုန်ညှင်းနဲ့ စားအုန်းဆီအပါအဝင် စားဆီ တင်သွင်းမှုဟာ ၁၀ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တန်ချိန် ၁၀ ဒသမ ၇ သန်းရှိမယ်လို့

Pages